6 May 2024

—————————–

ဗန်ကောက် ဇန်နဝရီလ ၂၆ ရက်၊ ၂၀၂၃

ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၃ မနက် ၇ နာရီခွဲအချိန်မှာ ထိုင်းနိုင်ငံ ပထုမ်ဌာနီခရိုင် ပထုမ်ဌာနီမြို့နယ် လတ် ၆ ကျေးရွာအုပ်စု အေပရာကျိလမ်းရှိ အငှားတိုက်ခန်းတစ်ခုမှာ အမျိုးသားတစ်ဦးသေဆုံးနေတယ်လို့ သတင်းပေးပို့ချက်အရ လန်စင်ရဲစခန်းက အခင်းဖြစ်တဲ့နေရာကိုသွားရောက်ခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာကို ထိုင်းရဲတွေရောက်သွားတော့ ၅ ထပ်တိုက် ၁ တိုက်ရဲ့အောက်မှာသွေးအိုင်ထဲသေဆုံးနေတဲ့ အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူရဲ့ စာရွက်စာတမ်းကို ထိုင်းရဲတွေစစ်ဆေးကြည့်လိုက်တော့ အမည် မောင်ဖြိုးကျော်ခိုင် အသက် ၂၁ နှစ် လန်းစင်မှာရှိတဲ့ တက္ကသိုလ်မှာ ကျောင်းလာတက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်နေပါတယ်။

၅ ထပ်တိုက်ပေါ်ကနေပြုတ်ကျပြီးသေဆုံးနေတာဖြစ်တယ်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်လာတဲ့ ထိုင်းရဲတွေကို နီးနားရှိသူတွေကပြောပြပါတယ်။ သေဆုံးသူနေထိုင်ခဲ့တဲ့ အခန်းကိုဝင်စစ်ဆေးလိုက်တော့ အခန်းနောက်ကချွတ်ထားတဲ့ ဖိနပ်တစ်ရံနဲ့ သေဆုံးသူတက်ခဲ့တဲ့ခြေရာတွေ တွေ့ရတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။

သေဆုံးသူဟာ တစ်ယေက်ထဲနေထိုင်သူဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၅ ရက် လောက်က သူ့ဆွေမျိုးတွေကို နှုတ်ဆက်စကားဆိုတဲ့ မက်စ်ဆေ့တွေ သူသုံးခဲ့တဲ့ဖုန်းမှာတွေ့ရပါတယ်။ ရဲတွေခန့်မှန်းထားတာကတော့ ကိုယ့်ကိုယ်ကိုလုပ်ကြံတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပါခလောင်လန်စင် ရဲစခန်း ဒုရဲမှူးပြောတာကတော့ သေဆုံးရတဲ့အကြောင်းရင်းကို စစ်ဆေးမှုတွေဆက်လုပ်သွားမှာပါ၊ သေဆုံးသူကိုတော့ စစ်ဆေးဖို့ ထမဆတ်ဆေးရုံကိုပို့ထားပါတယ်။ သူ့ဆွေမျိုးတွေလဲ လာကြည့်ဖို့ဆက်သွယ်ရမယ်လို့ ဆိုပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS