11 January 2026

ဓာတ်ပုံ วันนิวส์

 

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၁

 

မြို့တော်ဗန်ကောက်၊ ဘန်ခေးရဲစခန်းတွင်ချုပ်နှောင်ခံထားရသော အသက် ၄၂ နှစ်ရှိ မူးယစ်သံသယတရာခံတစ်ဦးသည် အချုပ်ခန်းထဲတွင် မိမိကိုယ်ကိုအဆုံးစီရင်လိုက်သည်ဟု သိရ။

 

ထိုင်းဉပဒေအရ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး အမျိုးအစား (၁)ဖြစ်သော အိုက်စ် ၅ ဂရမ်၊ စိတ်ကြွဆေးပြား ၁၈၀ လုံးကို ရောင်းချရန်လက်ဝယ်ပိုင်ဆိုင်ထားမှုဖြင့် ဘန်ခေးစည်ပင်သာယာရဲစခန်းတွင်ဖမ်းဆီးခံထားရသော အသက် ၄၂ နှစ်ရှိ သံသယတရားခံတစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့ညတွင် အချုပ်ခန်းအတွင်း မိမိကိုယ်ကိုအဆုံးစီရင်လိုက်သည်ဟု သိရသည်။

 

အဆိုပါ သံသယတရားခံတွင် ရောဂါအခံရှိနေ၍ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ကခန့်မှန်းထားသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS