2 January 2026

,

ဓာတ်ပုံ Sky sport

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၁

အရှေ့အလယ်ပိုင်းယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရှေးအာရပ်ဝတ်စုံနှင့်ခေါင်းဆောင်းများဖြင့် ကွင်းထဲဝင်ရောက်ကြည့်ရှုခြင်းမပြုကြဘဲ ပုံမှန်ဝတ်ဆင်ကြရန် ဘောလုံးပရိသတ်များကို နယူးကာဆယ်အသင်းတိုက်တွန်း။

ထိုသို့ဝတ်ဆင်ခြင်းသည် ဘောလုံးကွင်းစည်ကမ်းကိုချိုးဖောက်ရာမရောက်သော်လည်း ယဉ်ကျေးမှုဖော်ပြခြင်းနှင့်ပတ်သက်ပြီး စော်ကားမှုတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“နယူးကာဆယ် ယူနိုက်တက်အသင်းအနေနဲ့ ရှေးအာရပ်ဝတ်ရုံဝတ်ဆင်တာ ခေါင်းဆောင်းဆောင်းတာတွေမလုပ်ကြဘဲ ကွင်းထဲဝင်ရောက်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အသင်း နည်းပြချုပ်ကိုဖယ်ရှားသည့် နယူးကာဆယ်အသင်းက ဆိုသည်။

တချိန်တည်းတွင် ယင်းကဲ့သို့ဝတ်စားဆင်ယဉ်ခြင်းသည် ယဉ်ကျေးမှုပိုင်းဆိုင်ရာမသင့်တော်သည့်လုပ်ရပ်တစ်ခုဖြစ်နိုင်ပြီး တပါးသူကိုစိတ်မကျေနပ်ဖြစ်စေနိုင်သည်ဟု ဆိုသည်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS