3 May 2024

‘MENSA’ ဟာ ကမ္ဘာ့ရှေးအကျဆုံး IQ မြင့်မားသော Institute ဖြစ်ပါတယ်။ ၎င်းသည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်း၏အဓိကရည်ရွယ်ချက်မှာ လူသားတို့၏အကျိုးအတွက် လူသားတို့၏အသိဥာဏ်ကို သက်သေပြရန်နှင့် မြှင့်တင်ရန်ဖြစ်ပါတယ်။

မကြာသေးမီက Mensa သည် ယူကေရှိ အဖွဲ့၏ အသက်အငယ်ဆုံးအဖွဲ့ဝင်ကို ကြိုဆိုကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီလူက အသက် ၃ နှစ်ပဲရှိသေးတဲ့ ဗြိတိန်ကလေးငယ်လေး ‘Teddy Hobbs’ ဖြစ်ပါတယ်။

Teddy က အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်နှင့် ဝဲ့လ်ရှ် နှင့် (အခြား မဖော်ပြထားသော ဘာသာစကား) စုစုပေါင်း ဘာသာ ၇ မျိုးဖတ်ရှုနိုင်ပြီး ၁ မှ ၁၀၀ အထိ ရေတွက်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

 

 

သူတို့ရဲ့သားက ဒီဘာသာစကားတွေ အများကြီးဖတ်ရှုနိုင်ခြင်းဟာ ကလေးတွေရဲ့ အစီအစဉ်တွေကို တီဗီကြည့်ခြင်းကနေ စတင်ခဲ့ပြီး စာသား၏အသံကိုတုပရန်ကြိုးစားခဲ့သည်ဟု Teddy ၏ မိဘများကပြောပြပါတယ်။ COVID lockdown ကုန်သွားပြီးနောက်တော့ မိဘများက Teddy အသက် ၂ နှစ်အရွယ်မှာ မူကြိုကျောင်းတစ်ခုသို့ ပို့ခဲ့ပြီး Teddy က သူ့ကိုယ်သူ အင်္ဂလိပ်လိုဖတ်တတ်အောင် သင်ခဲ့တာကြောင့် မူကြိုကျောင်းက ဆရာမတွေကို အံ့သြသွားစေပါတယ်။

အဲဒီနောက်တော့ မူကြိုကျောင်းက Teddy ရဲ့ မိဘတွေကို ဖုန်းခေါ်ပြီး Teddy ကိုယ်တိုင်စာဖတ်တတ်တယ်လို့ ပြောပြပါတယ်။ ထိုအချိန်တွင် Teddy ဟာ IQ မြင့်သောကလေးဖြစ်ကြောင်း သူ့မိဘများ သိရှိလာခဲ့ပါတယ်။

 

 

မကြာသေးမီက ဘတ်သ်နဲ့ ဝီလ်တို့က ငယ်ငယ်လေးနဲ့ သူတို့ရဲ့သား အခုလိုအရည်အချင်းရှိနေတာကို မယုံကြည်နိုင်ဖြစ်ခဲ့ရတာကြောင့် Teddy ရဲ့ကျွမ်းကျင်မှုအဆင့်ကို သိရဖို့အတွက် အကဲဖြတ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့က Teddy အတွက် ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ (MENSA) ဆီက လမ်းညွှန်မှုရယူခဲ့ပါတယ်။ Teddy အသက် (၃) နှစ်နဲ့ ၇ လအရွယ်မှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ (၁) နာရီကြာတဲ့ အွန်လိုင်းအကဲဖြတ်မှုကို လုပ်ဆောင်ခဲ့ရပါတယ်။ Teddy ရဲ့ IQ စစ်ဆေးမှုရမှတ်က ၁၆၀ မှာ ၁၃၉ မှတ် ရရှိခဲ့တာကြောင့် Teddy က အဖွဲ့ဝင်အဖြစ် MENSA ရဲ့အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS