16 February 2026

အိန္ဒိယနိုင်ငံရှိ ကျေးရွာတစ်ရွာတွင် ဒီပါဝလီပွဲတော်နောက်ဆုံးနေ့၌ အစဉ်အလာအရ နွားချေးပေါက်ပွဲကျင်းပ၍ အောင်ပွဲခံ။

ပြီးခဲ့သည့် ဒီပါဝလီပွဲတော်နောက်ဆုံးနေ့ (နိုဝင်ဘာ ၆ ရက်) တွင် အိန္ဒိယနိုင်ငံရှိ Gumatapura ကျေးရွာတွင် ရွာအစဉ်အလာအရ နွားချေးပေါက်ပွဲကျင်းပ၍ အောင်ပွဲခံခဲ့ကြသည်ဟု ရိုက်တာသတင်း

ဌာနကဖော်ပြထားသည်။

 

အဆိုပါအစဉ်အလာပွဲတော်ကိုကျင်းပရန်အတွက် မွန်းလွဲပိုင်းမှစ၍ ကျေးရွာအတွင်းရှိနွားချေးများကိုလိုက်လံစုဆောင်းပြီး ဘုရားကျောင်းသို့ယူဆောင်လာရသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင်မှသိဒ္ဓိတင်ပြီးလျှင် ကွင်းပြောင်တစ်ခုတွင်စုပုံပေးရသည်။ ထိုအခါ ကျေးရွာအတွင်းရှိ ကလေးနှင့်လူကြီးအမျိုးသားများက နွားချေးပုံပေါ်ကိုအလုအယက်နေရာယူကြပြီး နွားချေးပေါက်ပွဲကို ပျော်ပျော် ပါးပါးဆင်နွဲကြသည်ဟု သိရသည်။

 

ယင်းပွဲတော်သည် ပျော်ရွှင်မှုကိုရရှိစေသည့်အပြင် ကျန်းမာရေးအတွက်အထောက်အကူပြုသည်ဟု ဆိုသည်။ နွားနှင့်နွားမှထွက်ရှိသည့်အရာအာလုံးသည် အညစ်အကြေးများကို သန့်ရှင်းစင်ကြယ်စေပြီးရောဂါဘယအမျိုးမျိုးကို ပျောက်ကင်းစေသည်ဟု ဟိန္ဒူဘာသာဝင်များကယုံကြည်ကြသည်။

 

 

 

 

 

 

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS