9 January 2025

၂၀၂၂ ဇန်နဝါရီလ ၂၄ ရက်နေ့ညက ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်၊ ဘန်ယိုင်မြို့တွင် နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် Tattoo ပညာရှင်တစ်ဦးဟာ ရန်ဖြစ်နေတဲ့ ဇနီးသည် နှင့်အမေကို ထိန်းမရတာကြောင့် စိတ်ညစ်ပြီး ဆေးခြောက်ရှူကာ မြို့နယ်ရဲစခန်းသို့ အဖမ်းခံရန် သွားရောက်ခဲ့တာကြောင့် ညတွင်းချင်း ထိုင်းရဲတွေ အလုပ်ရှုပ်ခဲ့ရပါတယ်။

အချုပ်ခန်းထဲအရမ်းဝင်ချင်နေတဲ့အကြောင်းအရင်းကို သေချာမေးမြန်းကြည့်တော့မှ ၎င်းက ဟိုဘက်ကြည့်တော့ အမေ ဒီဘက်ကြည့်တော့ ဇနီး ဘယ်သူ့ဘက်ကိုလိုက်ပြီးဖြေရှင်းပေးရမယ် မသိတော့တာကြောင့် ကြံမိကြံရာ ဆေးခြောက်ရှူပြီး အချုပ်ကျခံရန် ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်ရဲစခန်းကတော့ ၎င်းကို ဖမ်းဆီးချုပ်နှောင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်လို့ စခန်းမှုးကအခုလိုရှင်း ပြထားပါတယ်။

“သူကအချုပ်ကျချင်လို့ ဆေးခြောက်ရှူပြီးစခန်းထိရောက်လာတာ ဒါပေမယ့် သက်သေ ပစ္စည်းတွေမရှိတော့ ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးချုပ်နှောင်လို့မရပါဘူး…ဆေးခြောက်ရှူလာခဲ့သည့် တိုင် သက်သေမရှိရင် သုံးဆွဲသူကို လူနာလို့သတ်မှတ်ရပြီး ဆေးဖြတ်တဲ့ နေရာကို ပို့ရပါတယ်…ဒီကေ့စ်မှာတော့ သူ့ကို နားလည်အောင် အားပေးစကားပြောပြီး အိမ်ကိုပြန်ရန်တိုက်တွန်းပေးခဲ့ပါတယ်” လို့ စခန်းမှုးကပြောပါတယ်။

SHARE THIS NEWS

OTHER NEWS