27 April 2024

,

ပြိုင်ဘက်ကစားသမားကို ဘယ်ဝိုက်တစ်တောင်ဖြင့်တွက်လိုက်တဲ့ ထိုင်းလိဂ်-၃ ဗန်ကောက်အက်ဖ်စီအသင်းကစားသမား အစ္စရေ့ နွဲကျိုင်ဘွန် အမြင့်ဆုံး ၇ ပွဲအထိပွဲပယ်ခံရနိုင်ပြီး ဘတ် ၈ သောင်းအထိဒဏ်တပ်ခံရဖွယ်ရှိ။

ပြိုင်ဘက်ကစားသမားကိုဘယ်ဝိုက်တစ်တောင်နဲ့တွက်လိုက်တဲ့ ထိုင်းလိဂ်-၃ က ဗန်ကောက်အက်ဖ်စီအသင်းကစားသမား အစ္စရေ့ နွဲကျိုင်ဘွန်ဟာ ထိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့စည်းကမ်းအရ ၇ ပွဲအထိပွဲပယ်ခံရဖွယ်ရှိပြီး ဘတ် ၈ သောင်းအထိ ဒဏ်ငွေတပ်ခံရဖွယ်ရှိနေပါတယ်။

Violent Conduct ပြစ်ဒဏ်အရ  ၂ ပွဲပယ်ခံရမှာဖြစ်ပြီး ဘတ် ၂ သောင်းဒဏ်တပ်ခံရမှာသေချာပါတယ်။

တပါးသူကိုကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ ၂ ပွဲ ကနေ ၄ ပွဲအထိပွဲပယ်ခံရနိုင်ပြီး ဘတ် ၆ သောင်းအထိဒဏ်ငွေတပ်ခံရနိုင်ပါတယ်။

ဒါမှမဟုတ် တပါးသူကိုပြင်းထန်ဒဏ်ရာရရှိအောင် ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ ၃ ပွဲကနေ ၅ ပွဲအထိပွဲပယ်ခံရနိုင်ပြီး ဘတ် ၈ သောင်းအထိ ဒဏ်ငွေတပ်ခံရနိုင်ပါတယ်။

ပြစ်ဒဏ်ချမှတ်ဖို့အတွက် ဆရာဝန်ရဲ့အတည်ပြုချက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဗန်ကောက်အက်ဖ်စီအသင်းအနေနဲ့ အစ္စရေ့ကို စာချုပ်ဖျက်သိမ်းလိုက်ပြီဆိုပေမဲ့ ထိုင်းလိဂ်ကစားသမားအမည်စာရင်းကနေ မဖယ်ရှားသေရှင် ပွဲပယ်ပြစ်ဒဏ်ဟာအသင်းအပေါ်မှာရှိနေမှာဖြစ်ပြီး ဖယ်ရှားလိုက်ရင်တော့ ယင်းပြစ်ဒဏ်ဟာစကားသမားအပေါ်ကျရောက်သွားမှာဖြစ်သလို အသင်းသစ်နဲ့စာချုပ်ချုပ်လိုက်တဲ့အခါ အသင်းသစ်မှာ ပွဲပယ်ပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS