26 April 2024

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၂ခုနှစ်

သောင်ရင်းမြစ်ဘေးတစ်လျှောက်တွင် ၂ လနီးပါး စစ်ဘေးရှောင်နေရသည့် စစ်ဘေး ရှောင်နေရသူများမှာ ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့များက အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမိုးအကာ မလုံလောက်ဘဲ နေရာထိုင်ခင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်များထံက သိရပါတယ်။

စစ်ဘေးရှောင်တွေမှာ မိုးရွာလာရင် မိုးပက်တာရယ်၊ လေတိုက်တာရယ်၊ နေရာထိုင်ခင်းတွေမှာ ရေစိမ့်ဝင်လာတာရယ်ကြောင့် ညဘက်မှာ ငုတ်တုတ်ထိုင်မိုးခိုနေရပါတယ်။ စစ်ဘေးရှောင်အများစုနေတဲ့နေရာက ယာယီ တာလပတ်အမိုးနဲ့ ဆောက်လုပ်ထားတာပါ။

လေးကေကော်ငြိမ်းချမ်းရေးမြို့၏ ရပ်ကွက် ၆ခု အပါအဝင် ထီးမယ်ဝါးခီး၊ ပဟိကလော်၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေး ရွာများမှ ဒေသခံ စစ်ဘေးရှောင် ၅၀၀၀ ဝန်းကျင်ခန့်မှာ သောင်ရင်းမြစ်ဘေးတစ်လျှောက်ရှိ ကိုင်းတောများ၊ သဲသောင် ခုံများတွင် ယာယီ အမိုးအကာဖြင့် ခိုလှုံနေထိုင်နေရဆဲဖြစ်ပါတယ်။

ဒီကြားထဲ ကူညီထောက်ပံ့ရေးအဖွဲ့များ လက်လှမ်းမမှီသည့်နေရာများတွင် ရှောင်တိမ်းရောက်ရှိ နေထိုင်နေကြသည့် စစ် ရှောင်များမှာမူ စားသောက်ရေး၊ နေထိုင်ရေး အခက်အခဲများ ရှိနေသေးကြောင်း စစ်ဘေးရှောင် ကူညီနေသူများ၏ ပြော ဆိုချက်များအရ သိရပါတယ်။

.

Ref: ကေအိုင်စီ

Photo – CJ

SHARE THIS NEWS

OTHER NEWS