6 May 2024

ထိုင်းနိုင်ငံတွင် အလုံးစုံကာစီနိုလောင်းကစားရုံ (Entertainment Complex) များ တရားဝင်ဖွင့်လှစ် ခွင့်ပြုရန် ကော်မရှင်နာ ၆၀ ဦးပါဝင်သည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းကြောင်း ထိုင်းတော်ဝင်ပြန်တမ်း ကြေညာ။

ထိုင်းနိုင်ငံတွင် ကာစီနိုလောင်းကစားရုံ(Entertainment Complex) များ တရားဝင်ဖွင့်လှစ်ခွင့်ပြုနိုင်ရန်အတွက် ကော်မရှင်နာ ၆၀ ဦးပါဝင်သည့် ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းလိုက်သည်ဟု ထိုင်းတော်ဝင် ပြန် တမ်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ကြေညာသည်။

 

 

ထိုင်းနိုင်ငံတွင် တရားဝင်ကာစီနိုလုပ်ငန်းများမှအခွန်ကောက်ခံနိုင်ရေးနှင့်ဝင်ငွေရှာဖွေနိုင်ရေး၊ တရား မဝင်လောင်းကစားဝိုင်းများနှိမ်နင်းရေး၊ လောင်းကစားပုံးများနှင့်အွန်လိုင်းလောင်းကစားများကျယ် ပြန့်လာနေမှုကို ဖြေရှင်းရေး စသည့်လုပ်ငန်းများ၏ဖြစ်နိုင်ခြေကို ကနဦးလေ့လာရန်ဖွဲ့စည်းလိုက်သည်ဟု ဖော်ပြထားသည်။

 

 

အဆိုပါ အမည်စာရင်းကို ၂၀၁၉ ခုနှစ် ထိုင်းအောက်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS