9 May 2024

သရုပ်ဆောင်မင်းသမီး Tangmo ဟာ ၂၀၂၂ ဖေဖေါ်ဝါရီလ ၂၄ ရက် ည ၁၁ နာရီခန့်မှာ သူငယ်ချင်းတွေနဲ့ စပိဘုတ်ဖြင့် ဖရလမ် ၇ တံတားကိုအသွား ကျောက်ဖရားမြစ်ထဲ ပြုတ်ကျ ပျောက်ဆုံးခဲ့တာပါ။

သူမ ကျောက်ဖရားမြစ်ထဲ ဘယ်အချိန် ပြုတ်ကျသွားခဲ့တယ်ဆိုတာ သူငယ်ချင်းတွေက သတိမထားမိခဲ့ပါဘူး Tangmo လှေပေါ်မှာ မရှိတော့မှ Tangmo ရေထဲပြုတ်ကျသွားခဲ့တယ်ဆိုတာကို သတိထားမိပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို အကြောင်းကြားပြီး Tangmo ကို ကယ်ဆယ်ရေးအဖွဲ့တွေက စတင်ရှာဖွေခဲ့ကြတာပါ။ အချိန်အားဖြင့် တော့ စတင်ရှာဖွေတဲအချိန်ဟာ ည ၁၂ နာရီခန့်ရှိနေပါပြီ။

ကယ်ဆယ်ရေးအဖွဲ့တွေက အဖွဲ့ခွဲပြီး Tangmo ကျောက်ဖရားမြစ်ထဲ ပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့တဲ့ နေရာမှာ တစ်ဖွဲ့လျင် မိနစ် ၂၀ ခန့်ရေငုတ်ရှာဖွေခဲ့ကြပါတယ်။

ဒါပေမယ့် ည နံနက် နာရီခန့်မှာတော့ ကျောက်ဖရားမြစ်ရေစီးကြောင်း ပြောင်းလဲသွားခဲ့တာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေက Tangmo ကို ရှာဖွေရေးအစီအစဉ် ခေတ္တရပ်နားထားခဲ့ပြီး ပြန်လည်ရှာဖွေရန် အစီအစဉ်ပြန်ချခဲ့ပါတယ်။

နံနက် ၃ နာရီခန့်မှာ Tangmo ကို ကယ်ဆယ်ရေးအဖွဲ့တွေက ထပ်မံရှာဖွေခဲ့ပြီး နံနက် ၅ နာရီ ၄၀ မိနစ်မှာတော့ ကျောက်ဖရားမြစ်ရေမြင့်တက်လာတာကြောင့် ရှာဖွေခြင်း အစီအစဉ်ကို ရပ်နားခဲ့ပြီး နံနက် ၆ နာရီခန့်မှာ ထပ်မံရှာဖွေခဲ့ပါတယ်။

Tangmo က ရေကူးမကျွမ်းကျင်ဘူးလို့ သူ့ရဲ့ သူငယ်ချင်းတွေကဆိုပါတယ်။ အခုနောက်ဆုံးသတင်းအရ Tangmo ကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေဆဲပါ။

Tangmo ပျောက်ဆုံးသွားတဲ့နေရာအတိအကျကို သူငယ်ချင်းတွေက အတိအကျ မပြောနိုင်တာကြောင့် ခန့်မှန်းခြေနဲ့ရှာဖွေရလို့ အခက်အခဲတွေရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

ကျောက်ဖရားမြစ်ထဲ သရုပ်ဆောင်မင်းသမီး Tangmo ပြတ်ကျ ပျောက်ဆုံးသွားခဲ့တာ ၁၂ နာရီကျော်ကြာသွားပြီ ဆိုပေမယ့်လည်း သူ့ရဲ့မိသားစုနှင့် ပရိသတ်တွေကတော့ Tangmo ကို အသက်ရှင်လျက် ပြန်တွေ့မှာပါဆိုတဲ့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS