26 April 2024

ဂျပန်အမျိုးသမီး တစ်ဦးဟာ ထိုင်းနိုင်ငံဖူးကတ်မြို့ကိုအလည်လာရင်း သူမအရမ်းချစ်ရတဲ့ ကြောင်လေး ၂ ကောင် ပျောက်ဆုံးသွားတာကြောင့် ကြော်ငြာဆိုင်းဘုတ်ကြေး ဘတ် ၃ သိန်း အကုန်အကျခံကာ ရှာဖွေဖို့ကြိုးစား ခဲ့ပါတယ်။

ကြောင်လေး ၂ ကောင်ကို တွေ့ရှိခဲ့ရင် 083- 8321955 သို့ဆက်သွယ်အကြောင်းကြားနိုင်ပြီး လာပြန် အပ်တဲ့သူကိုလည်း ကြောင်တစ်ကောင်လျင် ဘတ် ၃၀,၀၀၀ နှုန်းဖြင့် ကျေးဇူးဆပ်မှာဖြစ်တယ်လို့ ကြေညာထား ခဲ့ပါတယ်။

ကြောင်ပိုင်ရှင် ဂျပန်အမျိုးသမီးဟာ လူသွားလူလာများတဲ့ ထိုင်းနိုင်ငံ ဖူးကတ်မြို့၊ ကထူးမြို့နယ်၊ ရာဝိုင်ကမ်းခြေနားမှာ ရှိတဲ့ ကြေညာဆိုင်းဘုတ်ကိုကာလတို ငှားရမ်းပြီး ကြောင်လေး ၂ ကောင်ပျောက်ဆုံးသွားကြောင်း ကြေညာထားခဲ့တာကြောင့် လူအများစုရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။

 

 

အဲဒီနောက် ဖြတ်သွားဖြတ်လာသူတွေ အနေနဲ့လည်း အဲဒီဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ်တွင် တင်ပြီး သူမရဲ့ကြောင်လေးတွေကို ရှာတွေ့ဖို့ ဝိုင်းဝန်းကူညီခဲ့ ကြပါတယ်။

ထိုင်းတီဗီချာနယ် တစ်ခုဖြစ်တဲ့ Thaipbs မေးမြန်းထားတဲ့ အင်တာဗျူးမှာသူမက “ကျွန်မရဲ့ကြောင်လေး ၂ ကောင် ပျောက်သွားလို့ အရမ်းကိုစိတ်သောကရောက်ခဲ့ရပါတယ်…အများအမြင်မှာတော့ တိရိစ္ဆာန်ဆိုပေမယ့် ကျွန်မ အတွက်တော့ တိရိစ္ဆာန်လို့ မမြင်ရက်ဘဲ ကျွန်မဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ခံယူထားပါတယ် ဒါကြောင့် ငွေဘယ်လောက်ကုန်ကုန် အကုန်အကျခံပြီးရှာဖွေသွားမှာပါ” လို့သူမက ငိုပြီး ဖြေဆိုခဲ့ပါတယ်။

 

 

လက်ရှိမှာဂျပန်အမျိုးသမီးပျောက်သွားတဲ့ကြောင်လေးနဲ့ ဆင်တဲ့ ကြောင်လေးကို ဖူးကတ်မြို့ရဲ့ဟိုတယ် တစ်ခုမှာ တွေ့ရှိကြောင်း ဖူးကတ်နယ်ခံတစ်ဦးက သူမထံ ဆက်သွယ်လာပြီဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS