27 April 2024

ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၂

.

သေဆုံးသူဟာ မြန်မာအမျိုးသမီး အသက် ၃၃ နှစ်ပါ။ အမည် မဝင်းမာစိုးလို့ သိရပါတယ်။ သေဆုံးသူဟာ လူကူးမျဉ်းကြားအတိုင်း လမ်းဖြတ်ကူးရာကနေ ဟိုင်းလတ်ကားကတိုက်သွားတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာက ကင်ကယောက်လမ်း ၅၂/၁ ရာချာထေဝပ်ကျေးရွာအုပ်စု စမုပရာကန်ခရိုင် ည ၁၁ နာရီခွဲအချိန်ဖြစ်သွားတာပါ။ ကားတိုက်ခံရပြီနောက် ဆေးရုံကိုကယ်ဆယ်ရေးအဖွဲ့တွေကပို့ဆောင်ပေးခဲ့ပေမယ့် သူမအသက်ကို မကယ်တင်နိုင်တော့ပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

 

အသက် ၃၃ နှစ်ရှိ ကားသမား အမည် နိုင်မွန်တရီ ဖူလဆင်ပြောတာကတော့ လတ်ကရဘန်းမြို့နယ်ကနေ သူမောင်းလာပါတယ်။ ကားကိုတော့ အရှိန်ခတ်ပြင်းပြင်းမောင်းနှင်လာတယ်လို့ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကိုလဲရောက်တော့ သေဆုံးသူဟာ လမ်းဖြတ်ကူးဖို့ ပလက်ဖောင်းပေါ်ကနေဆင်းလာတာတွေ့ပေမယ့် ကားအရှိန်ကိုမထိန်းနိုင်တော့လို့ တိုက်မိသွားတယ်လို့ ပြောပါတယ်။

 

 

သတင်းရင်းမြစ်တွေပြောတာကတော့ ယခုအခင်းဖြစ်တဲ့နေရာက မကြာခဏယာဉ်တိုက်မှုတွေဖြစ်ပါတယ်။ မျဉ်းကြားတွေလဲ ဆေးရေတွေမသဲမကွဲဖြစ်နေတာလဲပါတယ်။ ထိုကြောင့် မကြာခဏယာဉ်တိုက်တွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

Photo: เปิ้ล รชา

#Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK #Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS