26 April 2024

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင်တွင် ကိုဗစ်ထပ်တိုးလူနာဦးရေခုန်တက်လာပြီးနောက်ဖျော်ဖြေရေးလုပ်ငန်းများနှင့်တီးဝိုင်းပါသည့်စားသောက်ဆိုင်အားလုံး သတ်မှတ်ရက်မရှိ ပိတ်မိန့် ထုတ်ပြန်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင်တွင် နေ့စဉ်ထပ်တိုးလူနာဦးရေ ၃၀၀ အထက်ရှိလာပြီး ခရီးသွားရာဇဝင်နောက်ကြောင်းပြန်စစ်ဆေးချက်အရ ပြီးခဲ့သည့်နှစ်သစ်ကူးပွဲတော်နှင့်ချစ်သူများနေ့တွင် ဖျော်ဖြေရေးနေရာများကိုအလည်သွားခဲ့ရာကတဆင့်ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ရှိရ၍ ခရိုင်တွင်းရှိဖျော်ဖြေရေးလုပ်ငန်းအားလုံးနှင့်တီးဝိုင်းပါသည့်စားသောက်ဆိုင်အားလုံးကို သတ်မှတ်ရက်မရှိ ပိတ်မိန့်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လတ်တလောတွင် မြို့တော်ဗန်ကောက်အပါအဝင် အခြားခရိုင်များတွင်ကူးစက်မှုနှုန်းမြန်ဆန်သောအိုမီခရွန်မျိုးကွဲ အလျင်အမြန်ပျံ့နှံနေပြီး ပိုမိုဆိုးရွားလာမည့်အလားအလာများခြင်းကြောင့် ခရိုင်ကူးစက်ရောဂါကော်မတီ၏သဘောတူညီမှုဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးက ပိတ်မိန့်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ဘူရီရမ်ခရိုင်တွင် ပိုးရှိလူနာစုစုပေါင်း ၇ ထောင်ကျော်ရှိလာပြီး အများစုမှာ ဖျော်ဖြေရေးလုပ်ငန်းများနှင့်စားသောက်ဆိုင်များမှတဆင့်ကူးစက်ခံခဲ့ရသည်ဟု သိရသည်။

ပေါက်ဖော် (လားရှိုး)

SHARE THIS NEWS

OTHER NEWS