26 April 2024

၂၀၂၂ ခုနှစ်တွင် ၄ နှစ်ပြည့် MoU လုပ်သားများကို နေရပ်ပြန်ရန်မလိုဘဲ ထိုင်းတွင်သက်တမ်းတိုးခွင့်ပြုမည်၊ ပန်းရောင်ဘတ်ကတ်ထုတ်ပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် ဆို။

ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့်လာရောက်လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားလုပ်သားများကို ထိုင်းအစိုးရက ၂ နှစ်နေထိုင်လုပ်ကိုင်ခွင့်ပြုပြီး ၁ ကြိမ်သက်တမ်းတိုးခွင့်ပြုထားကာ ၄ နှစ်ပြည့်သည့်လုပ်သားများကို နေရပ်ပြန်စေပြီး MoU စနစ်ဖြင့်ပြန်လည်ဝင်ရောက်လာစေသည့် မူဝါဒကို ကျင့်သုံးထားသည်ဖြစ်၍ ၄ နှစ်ပြည့်ပြီဖြစ်သော အမ်အိုယူလုပ်သားများသည် ယင်းမူဝါဒအရ နေရပ်ပြန်ရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေကြောင့် လုပ်ထုံးလုပ်နည်းအရ နေရပ်ပြန်ပြီး ပြန်ဝင်လာရန်ခက်ခဲခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် ၄ နှစ်ပြည့်သည့် MoU လုပ်သားများကို နေရပ်ပြန်ရန်မလိုဘဲ ထိုင်းတွင် သက်တမ်းတိုးခွင့်ပြုရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ပြီဟု ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် ကဆိုသည်။

မည်သို့ဆိုစေ MoU စနစ်သည်နှစ်နိုင်ငံပူးပေါင်းလုပ်ကိုင်သည့်စနစ်ဖြစ်၍ လုပ်သားနေရပ်နိုင်ငံမှအစိုးရ၏သဘောထားမှတ်ချက်ကို ရယူရန်လိုအပ်သည်ဟု သိရပြီး သဘောတူညီခဲ့လျင် ထိုင်းအစိုးရအဖွဲ့ထံ အဆိုပြုသွားမည်ဟု ဆိုသည်။

ထိုင်းအစိုးရအဖွဲ့ထံမှ အတည်ပြုချက်ရရှိခဲ့လျင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းကုန်ဆုံးသည့်နေမှစ၍ ၆ လကြာဖြေလျှော့ခွင့်ပေးမည်ဖြစ်ပြီး ယင်း ၆ လအတွင်း သက်တမ်းတိုးခြင်းလုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ထိုင်းတွင်ဆက်လက်နေထိုင်လုပ်ကိုင်လိုသည့် ၄ နှစ်ပြည့် MoU လုပ်သားများသည် ဆေးစစ်ခြင်း၊ သက် တမ်း ၂ နှစ်ရှိအလုပ်လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားခြင်း၊ နေထိုင်ခွင့်ဗီဇာသက်တမ်း ၂ နှစ်လျှောက် ထားခြင်း၊ ပန်းရောက်ဘတ်ကတ်ပြုလုပ်ခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS