3 May 2024

နိုင်ငံရပ်ခြားခရီးထွက်သူများ မက်စ်အခုရေ ၃၀ ထက်ပိုပြီး မယူဆောင်သွားရန် ထိုင်းတားမြစ်၊ ထောင်ဒဏ် ၅ ချမှတ်မည်။

နိုင်ငံရပ်ခြားသို့ယာယီခရီးထွက်မည့်သူများအား ထိုင်းပြည်တွင်းကုန်သွယ်ရေးကော်မတီခွဲ ကော်မတီအတွင်းရေးမှူး၏ခွင့်ပြုချက်မပါဘဲ မက်စ်အခုရေ ၃၀ ထက်ပိုပြီးယူဆောင်သွားခြင်းမပြုရန် ထိုင်းအစိုးရမှတားမြစ်ထားသည်ဟု သိရသည်။

ကျူးလွန်သူများကို ကုန်ဈေးနှုန်းနှင့်ဝန်ဆောင်မှုအက်ဉပဒေ ဘီအီး ၂၅၄၂ အရ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဘတ် ၁ သိန်းထက်မပိုသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်ဟုပြဌာန်းထားသည်။

သို့သော် ဆေးထောက်ခံချက်ပြနိုင်သည့်သူများကို အခုရေ ၅၀ အထိယူဆောင်ခွင့်ပြုထားသည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS