27 April 2024

တရုတ်နိုင်ငံ ပေကျင်းမှာကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့်အတူ တရုတ်က မြို့တော်ပေကျင်း Media Center မှာထားရှိထားတဲ့ ဘားတန်ဒါစက်ရုပ် နှင့် မိတ်ဆက်ပေးခဲ့ပါတယ်။

အခုလိုကိုဗစ်ကာလတွင်း ပါတီပွဲတွေမှာ ကိုဗစ်ကူးစက်နှုန်းကို လျှော့ချနိုင်ဖို့ စက်ရုပ်ကို အစားထိုး အသုံးပြုထားခြင်း ဖြစ်တယ်လို့ တီထွင်သူကဆိုပါတယ်။ မြို့တော်ပေကျင်း Media Center မှာထားရှိထားတဲ့ ဘားတန်ဒါစက်ရုပ် ကတော့ တိကျကောင်းမွန်တဲ့ အရက်တစ်ခွက်ကို စက္ကန့် ၉၀ အတွင်းရအောင် ဖျော်ပေးနိုင်စွမ်းရှိတယ်လို့ သိရပြီး ပွဲတတ်ဧည့်သည်တွေအနေနဲ့လည်း စမတ်ဖုန်းကတစ်ဆင့် အဖျော်ယမကာတွေကို မှာယူနိုင်မှာဖြစ်တယ် လို့သိရပါတယ်။

ဘားတန်ဒါစက်ရုပ် ရဲ့အားသာချက်ကတော့ အမျိုးအမည်ပေါင်းစုံရှိတဲ့ ယမကာတွေကို အချိန်တိုတွင်းမှာ တိကျမှန်ကန်စွာ ဖျော်ပေးနိုင်မှာဖြစ်ပြီး အရက်မသောက်တဲ့သူတွေအတွက်လည်း အရက်မပါတဲ့ဖျော်ရည်တွေကို ဖျော်ပေးနိုင်စွမ်းရှိဦးမှာ ဖြစ်ပါတယ်။

 

 

ဘားတန်ဒါစက်ရုပ် ကို ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့်အတူ အများကစိတ်ဝင်စားနေကြတာပါ။ စက်ရုပ်ရဲ့စွမ်းဆောင်ရည်ကိုတော့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအပြီး သိရလိမ့်မယ်လို့ခန့်မှန်းရပါတယ်။

တရုတ်ဟာဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့်အတူ တိုးတတ်လာတဲ့နည်းပညာတွေကို ထုတ်သုံးပြသခဲ့တာပါ။ ဘားတန်ဒါစက်ရုပ် တင်မကဘဲ ဆောင်းရာသီ အိုလံပစ်ပြိုင်တွင် လာရောက်ယှဥ်ပြိုင်ကြတဲ့ အားကစားသမားတွေအတွက် အစားအသောက်တွေကို စားပွဲထိုးပေးဖို့ စက်ရုပ် တွေကို စီစဉ်ပေးထားပေး တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS