26 April 2024

နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ပြန်လည်ဦးမော့လာ၍ ၂၀၂၂ ခုနှစ်တွင် ထိုင်းစီးပွားရေး ၃.၄ ရာခိုင်နှုူန်း တိုးတက်မည်ဟု ထိုင်းအစိုးရခန့်မှန်း။

၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအရှိန်လျော့ကျလာခြင်းနှင့်တကွ နိုင်ငံခြားခရီးသွားဝင်ရောက်မှုပြန်လည်ဦးမော့လာသည့်တွန်းအားကြောင့် နိုင်ငံ့စီးပွားရေး ၃.၄% တိုးတက်မည်ဟု ထိုင်းငွေကြေးမူဝါဒကော်မတီကခန့်မှန်းထားကြောင်း ထိုင်းအစိုးရအဖွဲ့ တွဲဖက်ပြောခွင့်ရသူ တြိုင်သုလီ တြိုင်သောရဏကွန် ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွား ၅.၆ သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၂၀ သန်းခန့်ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး ၄.၇ % အထိတိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

 

 

တဆက်တည်းတွင် ၂၀၂၂ ခုနှစ်တွင် ပို့ကုန်တန်ဖိုး ၃.၅၁% တိုးတက်မည်ဟုခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် တွင် ၂.၉% တိုးတက်မည်ဟု ခန့်မှန်းထားသည်။

တချိန်တည်းတွင် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းစာသုံးမှု ၅.၆% တိုးတက်မည်ဟုခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၃.၈% တိုးတက်မည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ၅.၄% တိုးတက်မည်ဟုခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၅% တိုးတက်မည်ဟု ခန့်မှန်ထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS