26 April 2024

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဝက်ဆိုက်ကနေ တရားဝင် ကြေငြာပေးထားပါတယ်။

ပတ်စပို့စာအုပ်တွေကို ၂၄ နာရီ၊ ပိတ်ရက်မရှိ အလွယ်တကူ အွန်လိုင်း Booking လုပ်နိုင်ဖို့ စနစ်ကို ပြန်ပြင်နေတာကြောင့် လတ်တလောမှာ ယာယီရပ်ဆိုင်းရတာဖြစ်ပြီး၊ ပတ်စပို့ လာလျှောက်တဲ့နေရာမှာ တရားမဝင် ပွဲစားတွေနဲ့ ဆက်သွယ်ပြီး ဈေးတွေ မတန်တဆပေးနေရတာတွေ၊ ပတ်စပို့လုပ်ခွင့်ရဖို့အတွက် QR Code ရဖို့အရေး အခက်အခဲကြုံရ တာတွေ အများကြီးရှိနေတဲ့အတွက်၊ အွန်လိုင်းကနေ ဘိုကင်တင်တဲ့ QR Code စနစ်ကို ပိုပြီး လွယ်ကူ အဆင်ပြေ‌အောင် ပြင်ဆင်ဖို့ ခေတ္တရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

.

ကြေညာချက်မထွက်မီ ရက်ချိန်းရထားပြီးသားလူတွေကတော့ သတ်မှတ်ရက်ချိန်းအတိုင်း ပတ်စပို့ သွားပြုလုပ်နိုင်မှာဖြစ်ပြီးတော့ အသစ်ပြုလုပ်ချင်တဲ့ သူတွေကို တော့ ဘယ်ပွဲစားကိုမှ ပိုက်ဆံမပေးဘဲနဲ့ စောင့်ဆိုင်း‌ပေးကြဖို့ တိုက်တွန်းထားပြီး၊ Online Booking စနစ်သစ်ကို ပြန်ပြီး အသုံးပြုလို့ရမယ့် ရက်ကို ရုံးရဲ့ ဝက်ဆိုက်ကနေ ထပ်မံကြေညာပေးမည်ဟု ဆိုပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS