9 May 2024

,

အာဆီယံဖျက်မြင်း တီမော လက်စတေအသင်း အိမ်ရှင်ကမ္ဘောဒီးယား အသင်းကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြင့် သမိုင်းဝင်ဆီမီးဖိုင်နယ် တက်ရောက်။

အသက် ၂၃ နှစ်အောက် အရှေ့တောင်အာရှဖလားပြိုင်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ယူပြီး တီမော လက်စတေအသင်း အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်။

ကမ္ဘောဒီးယားအသင်းက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ၂၀၂၂ အသက် ၂၃ နှစ်အောက်အရှေ့တောင်အာရှဖလားပြိုင်ပွဲမှာ အိမ်ရှင်အသင်းကို ၁-၀ ဂိုးနဲ့အနိုင်ယူနိုင်ခဲ့တဲ့နောက်မှာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့တာကြောင့် တီမော လက်စတေအသင်း က ဆီမီးဖိုင်နယ်အဆင့်ကို သမိုင်းဝင်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

သမိုင်းဝင်အနိုင်ဂိုးကို ပွဲချိန် ၁၆ မိနစ်မှာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တီမောအသင်းဟာ ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၇ မှတ် စွမ်းဆောင်ထားနိုင်တဲ့အတွက် အုပ်စု(အေ)အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့တာကြောင့် လွတ်လွတ်ကျွတ်ကျွတ် ဆီမီးဖိုင်းနယ်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS