16 May 2024

ခန္ဓာကိုယ်ရဲ့တည်ဆောက်ပုံဟာ ရေဓာတ် သုံးပုံတစ်ပုံနဲ့ဖွဲ့စည်း ထားတာကြောင့် လူသားတွေအတွက် ရေဟာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။ ရေများများသောက်လေ ကောင်းလေ ဆိုတဲ့စကားကို အားလုံး ကြားဖူးနားဝ ရှိကြမှာ။ ရေသောက်တဲ့နေရာမှာလည်း တန်ဆေး၊ လွန်ဘေး ဆိုတာရှိပါတယ်။ ခန္ဓာကိုယ်က လိုအပ်သလောက် ရေပမာဏကို သောက်သုံးပေးတာ ကောင်းပေမယ့် ရေကိုအလွန်အကျွံ သောက်သုံးမိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်နိုင်ပါတယ်။

တစ်နေ့မှာရေပမာဏဘယ်လောက်သောက်သုံးသင့်သလဲ?

တစ်ဦးနှင့်တစ်ဦး ခန္ဓာကိုယ်အရွယ်အစား၊ အလေးချိန် စတဲ့ ကွဲပြားမှုတွေက သောက်သုံးရမယ့် ရေပမာဏ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့်လို့ အကြမ်းအားဖြင့် ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ ရေပမာဏဟာ ရေ ၈ ခွက်မှ ၁၀ ခွက် သို့ မဟုတ် ရေ ၁ လီတာမှ ၂ လီတာခန့် သောက်သုံးပေးရုံနဲ့ လုံလောက်ပါတယ်။

အကယ်၍ တစ်နေ့ကို ၅ လီတာမှ ၈ လီတာထိ ရေကို အလွန်အကျွံ သောက်သုံးမိရင် ရေဆိပ်သင့်တဲ့အောက်ပါ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ရေဆိပ်သင့်ခြင်းလက္ခဏာများ

– ခေါင်းကိုက်ခြင်း

– မူးဝေခြင်း

– အော့အန်ခြင်း

– ကြွက်တက်ခြင်း

– အမြင်အာရုံဝေဝါးခြင်း

– စိတ်ရှုပ်ထွေးခြင်း

– ခံစားသိရှိနိုင်မှုအာရုံများပျောက်ဆုံးခြင်း

– အသက်ရှုကြပ်ခြင်း

ဘာကြောင့် ရေဆိပ်သင့်ခြင်းဖြစ်ရတာလဲဆိုရင် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆိုဒီယမ်ဓာတ်ဆိုတာ ရှိပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်း ဆဲလ်တွေနဲ့ ခန္ဓာကိုယ်ပြင်ပ ဆဲလ်တွေကို ထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ရေသောက်တာများသွားတဲ့အခါ သွေးထဲက ဆိုဒီယမ်ဓာတ်တွေဟာ ကျဲသွားပြီး ကျန်တဲ့ ဆိုဒီယမ်ဆဲလ်တွေထက် ဦးနှောက်ထဲမှာရှိတဲ့ ဆဲလ်တွေ ဖောင်းကြွလာတဲ့အခါ အသက်အန္တရာယ်ပါ ထိခိုက်စေတဲ့ အထိ အန္တရာယ်ကြီးပါတယ်။

ဒါကြောင့် ရေသောက်တဲ့အခါမှာ ခန္ဓာကိုယ်နှင့် ထိန်းညှိသောက်သုံးသင့်ပြီး ပူပြင်းလွန်းတဲ့ နွေရာသီရောက်လာ ခဲ့ရင်လည်း ရေကို တစ်ခါတည်း အများကြီးသောက်တာထက် နည်းနည်းဖြင့် အကြိမ်ရေ များများသောက်သုံးပေး သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

SHARE THIS NEWS

OTHER NEWS