26 April 2024

ထိုင်းဒေသန္တရအုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးထားသော မြို့တော်ဗန်ကောက်နှင့်ပတ္တယားမြို့တွင် ဗန်ကောက်မြို့တော်ဝန်အပါအဝင် မြို့တော်ဗန်ကောက်လွှတ်တော်အမတ်များနှင့် ပတ္တယား မြို့ဝန် အပါအဝင် ပတ္တယားမြို့လွှတ်တော်အမတ်များရွေးကောက်ပွဲကို လာမည့်မေလတွင်ကျင်းပရန် ယမန် နေ့တွင်ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ထိုင်းအစိုးရပြန်ကြားရေးဌာနက ဖော်ပြထားသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့်ရွေးကောက်ပွဲဝင်မည့်သူများအား အမည်စာရင်းစတင်လက်ခံမည့်ရက်ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒေသန္တရလွှတ်တော်အမတ်နှင့်အုပ်ချုပ်ရေးမှူးရွေးကောက်ခြင်းအက်ဉပဒေ ဘီအီး ၂၅၆၂ အရ သတ်မှတ်ပေးမည်ဖြစ်ပြီး ထိုင်းအစိုးရအဖွဲ့ထံပြန်လည်အဆိုပြုရမည်ဟုဆိုသည်။

 

 

ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုပြီးသည့်နောက်တွင် ထိုင်းတော်ဝင်ပြန်တမ်းတွင်တရားဝင်ထုတ်ပြန်ကြေညာမည်ဟု ဖော်ပြထားသည်။

မည်သို့ဆိုစေ ဒေသန္တရအက်ဉပဒေရ ရက် ၆၀ အတွင်းရွေးကောက်ပွဲကျင်းပရမည်ဖြစ်၍ လာမည့် မေလတွင်ကျင်းပဖြစ်မည်ဟု ခန့်မှန်းရကြောင်း ဆက်လက်ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS