28 April 2024

နိုင်ငံရေးပြဿနာနဲ့ကုန်ကျစရိတ်အခက်အခဲကြောင့် မြန်မာလုပ်သာတွေကိုချန်လှပ်ပြီး ကမ္ဘောဒီးယား MoU လုပ်သားတွေကို မတ်လ ၁၅ ရက်နေ့မှာ ခေါ်ယူမည်။

ထိုင်းနိုင်ငံက မတ်လ၁၅ရက် (၁၅-၃-၂၀၂၂) မှာ စတင်ခေါ်ယူမယ့် ပြည်ပနိုင်ငံက MOU လုပ်သားတွေကို ကမ္ဘော ဒီးယားနိုင်ငံက‌နေ ခေါ်ယူလိုက်တယ်လို့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားရေးဆောင်ရွက်နေတဲ့ သတင်းအရင်းအမြစ်တွေက ပြောကြောင်း Myanmar Labours News ကဖော်ပြထားပါတယ်။

ဒီလို‌ ခေါ်ယူတာဟာ လူတစ်ဦးကို ဘတ် ၈၀၀၀ အထိ ပေးရမယ့်ကွာရန်တင်းဝင်ဖို့အတွက်ကြောင့် ဖြစ်တယ်လို့ ထိုင်းလုပ်သားရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

“အဓိက ပြောရမယ်ဆိုရင် ကုန်ကျစာရိတ်များနေလို့ပါ။ အခုကတော့ အောက်လမ်းကရောက်လာတဲ့ သူတွေပဲများနေတယ်”လို့ ထိုင်းသတင်းအရင်းအမြစ်က ပြောပါတယ်။

မြန်မာ MOU လုပ်သားခေါ်ယူရာ မှာ ထိုင်းလုပ်ငန်းရှင်တွေက ကုန်ကျစရိတ် ကျခံဖို့ညှိနှိုင်းခဲ့ပေမယ့် ညှိနှိုင်းမှု့အဆင်မပြေတာကြောင့် အခုလိုမခေါ်ယူနိုင်ခဲ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားရေးကျွမ်းကျင် သူ‌တွေကပြောပါတယ်။

မြဝတီ-မဲဆောက်နယ်စပ်မှာ မြန်မာလုပ်သားတွေ ဝင်ရောက်လာရင်ကျန်းမာရေးစစ်ဆေးဖို့ကွာရန်တင်း စင်တာတွေထိုင်းဖက်ကပြင်ဆင်ထားပေမယ့် ကွာရန်တင်းဝင်ခနဲ့အထွေထွေ ကုန်ကျစရိတ်ကြီးမြင့် တာကြောင့် မြန်မာအလုပ်သမားတွေကို မခေါ်ယူနိုင်ခဲ့တာလို့ သိရပါတယ်။

အခုရက်ပိုင်း အတွင်းမှာပဲ ကော့သောင်းဖက်ကနေဝင်ရောက်လာမယ့် မြန်မာလုပ်သား ၃၀၀၀ ကျော်ကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့က လိုအပ်တဲ့လုပ်ငန်းခွင်တွေမှာ နယ်စပ်ဖြတ်ကျော်ခွင့်လတ်မှတ်နဲ့ အလုပ်လုပ် ကိုင်ခွင့်ပေးဖို့ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ထိုင်းဘက်က တရားဝင် MOU လုပ်သားတွေကို မြန်မာဘက်ကခေါ်ယူဖို့ ကြာနေတာတွေရှိသလို မြန်မာနိုင်ငံမှာလည်းပြည်တွင်းရေးမတည်ငြိမ်မှုတွေ‌နဲ့ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့် နေ့စဥ် လိုလို ထိုင်းနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေဆီတရားမဝင်သွားရောက်မှုတွေရှိနေပြီး နယ်စပ်တွေမှာ ဖမ်းဆီး ခံရတာ‌တွေလည်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

သတင်းဖော်ချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းနိုင်ငံနယ်စပ်ဂိတ်တွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် မှုကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သား ထောင်ဂဏန်းရှိနေပါတယ်။

“လာပို့တဲ့ပွဲစားတွေက ပိုက်ဆံနဲ့ရွေးရင်တော့ ပြန်လွှတ်ပေးတယ်။ ထောင်အထိတော့ မရောက်ဖူးပေါ့”လို့ ဖမ်းဆီးခံရသူတွေရဲ့အခြေအနေကို ထိုင်းသတင်းရင်းမြစ်က အခုလို ပြောဆိုပါတယ်။

အခုလို ထိုင်းဘက်က မြန်မာလုပ်သားခေါ်ယူမှု ကြန့်ကြာနေတာကြောင့် တရားမဝင် ဝင်ရောက်လာမယ့် မြန်မာလုပ်သားဦးရေဟာလည်း ဆက်ပြီးတိုးနေမယ်လို့ မြန်မာရွှေပြောင်းလုပ်သားရေး ကျွမ်းကျင်သူတွေ က သုံးသပ်ထားကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

ဓာတ်ပုံ တရားမဝင်ဝင်ရောက်လာ၍ဖမ်းဆီးခံထားရသောမြန်မာလုပ်သားများ

ပလာတူး

SHARE THIS NEWS

OTHER NEWS