17 May 2024

မြန်မာလုပ်သား ၅၃ ဦးကိုခိုးတင်လာသော ဂေါ်ဖီထုပ်ကားဖမ်းဆီးခံရ၊ ပွဲစားခတစ်ဦးလျင်ဘတ် ၃ သောင်းပေးရဟု ထွက်ဆို။

တရားမဝင်မြန်မာလုပ်သား ၅၃ ဦးကို ဂေါ်ဖီထုပ်အောက်တွင် ခိုးတင်လာသော ၆ ဘီးကားတစ်စင်းကိုနယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့နှင့်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များပါဝင်သော အဖွဲ့စုံတပ်ဖွဲ့က မဲဆောက်-တာ့ခ်လမ်းမကြီးပေါ်ရှိ ဟွေ့ဟင်းဖွန်းကျေးရွာအနီးတွင် ယမန်နေ့ည ၁၁ နာရီခန့်က ဖမ်းဆီးနိုင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၂ ဦးနှင့်အမျိုးသမီး ၃၁ ဦးပါဝင်ပြီး ပွဲစားခတစ်ဦးလျင် ဘတ် ၃သောင်း ပေးရမည်ဟု ရဲတပ်ဖွဲ့ကခန့်မှန်းထားသည်။

 

 

ဖမ်းဆီးခံရသူများသည် အလုံပိတ်ခန်းတွဲထဲတွင်ငါးပိသိပ်သလိုလိုက်ပါစီးနင်းလာရ၍ အသက်ရှုမဝဘဲ နုံးချည့်နေကြသည်ဟု ဆိုသည်။

မြန်မာများကိုတရားမဝင်တင်ဆောင်လာသော ယာဉ်မောင်းကားသမားသည် တစ်ခေါက်လျင် ဘတ် ၆ သောင်းခန့်ရရှိမည်ဟု ရဲတပ်ဖွဲ့ကခန့်မှန်းထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS