3 May 2024

ထိုင်းတွင် ရာစုဝက်ကြာပိတ်ပင်ထားသည့် ၁၄.၀၀ နာရီ မှ ၁၇.၀၀ နာရီအထိ အရက်ဘီယာရောင်းချခွင့်ပိတ်ပင်ထားသည့်ဉပဒေကို ဖျက်သိမ်းရန် ပြင်ဆင်။

ထိုင်းနိုင်ငံတွင် ၁၄.၀၀ နာရီ မှ ၁၇.၀၀ နာရီအချိန်တွင် အရက်ဘီယာရောင်းချခွင့်ပိတ်ပင်ထားသည့်ဥပဒေကိုဖျက်သိမ်းပြီး ၂၄ နာရီရောင်ချခွင့်ပြုရန် ပြင်ဆင်နေသည်ဟု ထိုင်းအရက်ဘီယာလုပ်သန်းရှင်များအသင်းဥက္ကဋ္ဌဟောင်း နှင့် အရက်ဘီယာဖြန့်ချရေးကုမ္ပဏီ ညွှန်ကြားရေးမှူး ဓနကော် ခုပကျစ် ကဆိုသည်။

ခေတ်နောက်ကျနေသည့် အဆိုပါဉပဒေကိုဖျက်သိမ်းပေးရန် အရက်ဘီယာလုပ်ငန်းရှင်များအသင်းအပါအဝင် လက်လီလက်ကားလုပ်ငန်းရှင်များအသင်း ခေါက်စန်းလမ်းလုပ်ငန်းရှင်များအသင်း စသည့် အသင်းအဖွဲ့ ၁၆ ခုက အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းအရ ဖျက်သိမ်းပေးရန် အလားအလာကောင်းနေပြီး ထိုင်းအစိုးရ၏ဥပဒေမြှင့်တင်ရေးကော်မတီက ထိုင်းအစိုးရအဖွဲ့ထံအဆိုပြုပြီး သဘောထားမှတ်ချက်ရယူသွားမည်ဟု သိရသည်။

အဆိုပါ ဉပဒေကို ဗိုလ်ချုပ်မှူးကြီး ထနောမ် ကစ်တစ်ခကျော်ဉီးဆောင်သည့် တော်လှန်ရေးအစိုးရလက်ထက်တွင်ရေးဆွဲခဲ့ပြီး ၁၉၇၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်ဟု သိရသည်။

ယင်းအချိန်က ထိုင်းအစိုးရဝန်ထမ်းများမှာ နေ့လယ်ထမင်းစားထွက်ပြီးလျင် ရုံးပြန်မတက်ဖြစ်တော့ဘဲအရက်ဝိုင်းဖွဲ့နေကြသဖြင့် နေ့လယ် ၁၁ နာရီမှ ညနေ ၅ နာရီအချိန်အတွင်း အရက်ရောင်းချခွင့်ကိုပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS