10 May 2024

မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့မှာ ဖမ်းဆီးခြင်းမှပြန်လည်လွတ်မြောက်လာတဲ့ ပိုင်တံခွန် ဟာအနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေတယ်ဟု ဝေဖန်မှုတွေ ခံနေရပြီးနောက် ပွဲတက်တွေကို ဖျက်သိမ်းလိုက်ကြောင်း ဒီနေ့ ဧပြီ ၈ ရက် မနက်က သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးလိုက်ပါတယ်။

” မနှစ်က ဒီလိုနေ့ မနက် ၄ နာရီ ကျွန်တော် တစ်နှစ်နီးပါး ဆင်းရဲဒုက္ခခံစားခဲ့ရပါတယ်။ ဒါပေမယ့် ကျနော့်ထက် အခုချိန်မှာ ပိုခက်ခဲကြပ်တည်းနေတဲ့ သူတွေရှိတာ ကျနော် နားလည်ပါတယ်။ ဒါကြောင့် ဒီအတောအတွင်း လက်ခံထားတဲ့ ပွဲတက် တွေ အားလုံး ကျနော့်ဘက်က တရားဝင် ဖျက်သိမ်းလိုက်ပါပြီ” လို့ရေးပြီး အသိပေးလိုက်တာဖြစ်ပါတယ်။

.

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – ပိုင်တံခွန်

SHARE THIS NEWS

OTHER NEWS