10 May 2024

ထိုင်းနိုင်ငံ ဗန်ကောက်မြို့နယ် လတ်စီမြို့နယ်ထဲက ဆောက်လုပ်ရေးဆိုက်ထဲမှာ ဆောက်လုပ်ရေးလုပ်သားတွေ အစုအပြုံလိုက်ကိုဗစ်၁၉ ကူးစက်တဲ့သူတွေ့တာကြောင့် မြို့နယ်ကျန်းမာရေးဌာနတွေက အဆိုပါနေရာကို ၁၀ ရက်ခန့်ပိတ်ထားလိုက်တယ်လို့ ထိုင်းသတင်တွေမှာ ဖော်ပြပါတယ်။

အဲဒီဆောက်လုပ်ရေးဆိုက်က ဗန်ကောက်မြို့ လတ်စီမြို့နယ် ၀ိဖာ၀ကြီး ၂၅ လမ်းမှာရှိပါတယ်။ ဆောက်လုပ်ရေးလုပ်သားတွေကိုဗစ်၁၉ လက္ခဏာတွေ့ရှိသူ ၂၈၈ ဦး ATK စစ်ဆေးချက်အရ တွေ့ရှိတာကြောင့် အလုပ်သမားတွေကို ၀င်-ထွက် သွားလာခွင့်ပိတ်ထားလိုက်တာဖြစ်ပါတယ်။

အဲဒီဆိုက်ထဲမှာနေထိုင်ကြတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ ၈၄၅ ဦးရှိပါတယ်။ ၈၄၅ ဦးထဲက ကိုဗစ်၁၉ ကူးစက်ခံရသူ ၂၈၈ ဦး အစုအပြုံလိုက်တွေ့ရှိတာကြောင့် ကိုဗစ်၁၉ ကူးစက်မှုထိန်းချုပ်ရန်အတွက် ဆောက်လုပ်ရေးဆိုက်ကို ၁၀ ရက်ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ-Prachachat

Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ…..!

Twitter : https://bit.ly/3gGOuaL

Instagram : https://bit.ly/3HPR8a3

TikTok : https://bit.ly/3oLirLd

Youtube : https://bit.ly/34F5F9Z

SHARE THIS NEWS

OTHER NEWS