29 April 2024

-ပထမအသုတ်အနေဖြင့် မြန်မာ MOU လုပ်သား ထိုင်းဝင်ရောက်ခွင့်ရ

.

၂ နှစ်ကျော်အကြာ ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်တံတားကနေ မေလ ၁၀ ရက်နေ့မှာ MOU လုပ်သား နှစ်ရာကျော်ဝင်လာခွင့်ရသွားပါတယ်။ နောက်ထပ်လဲ ဝင်လာဖို့ရှိသေးတယ်လို့ တံတားထိပ်မှာ တာဝန်ကျတဲ့သူတစ်ယောက်ကပြောပါတယ်။

 

 

လုပ်သား နှစ်ရာကျော်မှာ ထိုင်းနိုင်ငံချွန်ဘူရီခရိုင်မှာရှိတဲ့ PPG (အတိုကောက်) ကြက်သားစက်ရုံကလို့သိရပါတယ်။ စက်ရုံတာဝန်ခံတစ်ယောက်ပြောတာကတော့ “ကျနော်တို့ အလုပ်ရုံမှာ လုပ်သား ၃ ထောင်ကနေ ၄ ထောင်အထိလိုနေပါတယ်။ ၂၀၁၉ ကတည်းက လုပ်သားဝင်လာဖို့စီစဥ်ထားတဲ့ကြားက ကိုဗစ်ရောဂါဖြစ်တော့ ၂ နှစ်ကျော်ကြာသွားတယ်။ ဒီနေ့ ၂ ရာကျော်ဝင်မယ်၊ မနက်ဖြန် ၃ ရာကျော်ထပ်ဝင်လာမယ်” လို့ ကြက်သားစက်ရုံတာဝန်ခံတစ်ယောက်က ပြောပါတယ်။

 

 

ထိုင်းနိုင်ငံကိုဝင်လာရင် ကွာရန်တင်းနေစရာမလိုတော့ဘူးလို့ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မည့်သည်နိုင်ငံသားမဆို ထိုင်းဝင်ရင်တော့ ကိုဗစ်၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးတဲ့ အထောက်အထားတော့ ပြနိုင်ရမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် လုပ်သားတွေမှာ ကိုဗစ်၁၉ ကာကွယ်ဆေးတွေ ထိုးထားကြတယ်လို့ သိရပါတယ်။

 

 

MOU လုပ်သား ၂ နှစ်ရာကျော်ကို မြဝတီကနေ မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ကား ၆ စီးနဲ့တင်လာပြီး ထိုင်းဘက်ခြမ်း အမှတ် ၂ တံတားထိပ်ထိုင်းလဝကရုံးရဲ့ဧရိယာမှာလာချပေးရတယ်။ အဲဒီနောက် ထိုင်းဘက်ကပြည်ဝင်ဖို့ကိစ္စနဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ တခါထဲလုပ်ပေးပါတယ်။

 

 

ထိုင်းဘက်ကိုရောက်လာတဲ့ MOU လုပ်သားတွေကို ပထမဆုံးစစ်ဆေးသူက ထိုင်းလဝကပါ။ သူတို့မှာရှိတဲ့စာရင်းထဲကအမည်နဲ့ လုပ်သားတွေကိုင်ဆောင်ထားတဲ့စာအုပ်တွေနဲ့ တိုက်ကြည့်ပြီးစစ်ပါတယ်။ ပြီးရင် DOE ဘက်က အလုပ်လုပ်ခွင့်လက်မှတ်လုပ်ပေးရန်အတွက် လုပ်သားတွေကို ဓါတ်ပုံရိုက်ပါတယ်။

 

 

ဓါတ်ပုံရိုက်ပြီးသွားတဲ့ လုပ်သားတွေကို ကိုဗစ်၁၉ ကို မဲဆောက်ဆေးရုံကျန်းမာရေးဝန်ထမ်းတွေက နှာခေါင်းထိုးစစ်ဆေးပါတယ်။ လုပ်သားတွေကို အရပ်တိုင်းတာတွေ၊ စာရင်းပြုစုတာတွေ လုပ်ပြီး ကိုဗစ်၁၉ ရှိ၊ မရှိ သိနိုင်ဖို့ ၁၅ မိနစ်ထိုင်စောင့်ရပါတယ်။

 

 

ထိုနောက်မှာတော့ ထိုင်းမှာတားမြစ်ထားတဲ့ ရောဂါ ၆ မျိုးကိုလဲ အဲဒီမှာတခါထဲစစ်ဆေးပါတယ်။ ကိုဗစ်၁၉ ကူးစက်တာတွေမတွေ့ရဘူး။ ရောဂါ ၆ မျိုးလဲ ပါမလာဘူးဆိုရင် လုပ်သားတွေ ဗီဇာလုပ်ဖို့ ထိုင်းလဝကရုံးရှေ့မှာ တန်းစီထိုင်စောင့်ရပါတယ်။

 

ထိုင်းလဝက ဘက်ကဗီဇာထုတ်ပေးပြီးဆိုရင် စက်ရုံကလာကြိုတဲ့ကားနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းကိုဝင်ရောက်နိုင်ပြီလို့သိရပါတယ်။ မေလ ၁၀ ရက်နေ့ တွင်ဆိုက်ရောက်လာတဲ့ အမ်အိုယူလုပ်သားများကို တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြန်မာအလုပ်သမားသံအရာရှိတို့က သွားရောက်ကြိုဆိုခဲ့ပါတယ်။

Andrew KC ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS