2 January 2026

မြန်မာ MOU လုပ်သား တတိယအသုတ် ၁၅၁ ဦး ထိုင်းဝင်ရောက်။

ယနေ့ (၁၉.၅.၂၀၂၂) မနက်တွင် မြန်မာ MOU လုပ်သား တတိယအသုတ် ၁၅၁ ဦး ထိုင်းနိုင်ငံအတွင်းသို့ထပ်မံဝင်ရောက်ခဲ့သည်ဟု အလုပ်သမားသံအရာရှိရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

 

ဝင်ရောက်လာသည့်လုပ်သားများကို အလုပ်သမားသံအရာရှိရုံးနှင့် ထိုင်းနိုင်ငံဌာနဆိုင်ရာများမှ မဲဆောက် နယ်စပ်စခန်း၌ ကြိုဆိုလက်ခံခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲမရှိစေရေး နယ်စပ် စခန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်ဟု ဆက်လက်ဖော်ပြထား သည်။

 

 

ယ​နေ့ ဝင်​ရောက်လာသည့် အလုပ်သမားများအ​နေဖြင့် ထိုင်းနိုင်ငံ Fujikura Electronics(Thailand) Co.,Ltd သို့(၉၂)ဦး၊ Thai Chin Fu Enterprise Co.,Ltd သို့ (၂၉)ဦး၊ Samakee Concrete Product Co.,Ltd သို့ (၃၀)ဦး အသီးသီးသွား​ရောက် လုပ်ကိုင်ရမည်ဖြစ်ပါ​ကြောင်း သတင်း​ဖော်ပြအပ်ပါသည်ဟု ဆက်လက်ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS