26 April 2024

,

Nakhon Pathom ခရိုင် ဝပ်ကလန်ဘန်ခပ်ဘုန်းကြီးကျောင်းတွင်ရှိသော ဆရာတော်လွန်းဖော့ပါဒဲရုပ်ထုကို ရွှေနဂါးအဖွဲ့ကနေပြီးတော့ မီတာ ၄၀ ရှည်ရှိသော ခြင်္သေ့အကဖြင့်ပူဇော်ကပြခဲ့ပါတယ်။ သို့သော် ရွှေနဂါးအဖွဲ့ ခြင်္သေ့အက မကမီ ဆရာတော်လွန်းဖော့ပါဒဲရုပ်ထုကို နဂါးမောက်သီး ၊ နာနတ်သီး နှင့် ရွှေငှက်ပျောသီး တို့ကို ကပ်လှူပူဇော်ခဲ့ပါတယ်။ ပြီးတဲ့အခါ ရွှေနဂါးအဖွဲ့မှစတင်ဖျော်ဖြေခဲ့ပါတယ်။ ဆရာတော်လွန်ဖော့ပါဒဲရုပ်ထုရှေ့တွင် မီးရှူးမီးပန်းများ ၊ ရောင်စုံမီးခိုးများ ဖြင့် ဖျော်ဖြေကပြခဲ့ပြီး မီးရှူးမီးပန်းအမြီးမှ ရလာတဲ့နံပါတ်ကတော့ 971 နှင့် 05 တို့ဖြစ်ပါတယ်။

ဆရာတော်လွန်ဖော့ပါဒဲရုပ်ထုသည် ကံကောင်းခြင်းများကိုယူဆောင်လာသည်ဟုယုံကြည်ခဲ့ကြပြီး ယခုနှစ်အတွင်း ခရီးသွားများဧည့်သည်များနှင့် ရွာသူရွာသားများက လာရောက်ဖူးမြော်ခဲ့ကြကာ ကံကောင်းခြင်းများကိုတောင်းခံ ကြပါတယ်။ မနှစ်ကလိုမျိုး ဒီနှစ်မှာလဲ ကံကောင်းဖို့မျှော်လင့်ပါတယ်။ ကံကောင်းခြင်းတွေရလာရင် နဂါး ၊ ခြင်္သေ့ အကြီးတစ်စုံ နဲ့ပြန်လာပြီး လာရောက်ပူဇော်ကပြ ပြီးရှိးခိုးကန်တော့မှာဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS