10 May 2024

မေလ ၂၅ ရက်နေ့မှာ ကန်ကျနပူရီခရိုင်၊ ကန်ကျနဘူရီမြို့နယ် ဘန်နွန်ဆမ်ပရန်ကျေးရွာအနီး တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားအုပ်စုဟု ယူဆရတဲ့ နေရာကို တိုင်ချက်ကြောင့် ထိုင်းအာဏာပိုင်သွားရောက်စစ်ဆေးခဲ့ပါတယ်လို့ ရဲမှူး Sarawut Rangakam ပြောပါတယ်။

 

 

အခင်းဖြစ်တဲ့နေရာကိုရောက်တော့ Isuzu 18 ဘီးနောက်တွဲယာဉ်ကို တွေ့ရှိခဲ့ပါတယ်။ ယာဥ်နံပါတ် 70-9964 ကန်ချနပူရီဖြစ်ပါတယ်။ ကားပေါ်မှာလိုက်ပါလာတဲ့ တရားမဝင် အယောက် ၁၀၀ နီးပါးကတော့ တောထဲကိုထွက်ပြေးပုန်းရှောင်သွားကြပါတယ်။ ကားလာရပ်ထားတဲ့နေရာက ပီလောပီနံ စိုက်ခင်းနဲ့ထူထပ်တဲ့တောတွေရှိလို့ ကားပေါ်မှာ လိုက်ပါလာတဲ့တရားမဝင် ၁၀၀ နီးပါးက အဲဒီတောတွေထဲမှာ သွားရောက်ပုန်းနေကြတာပါ။

 

 

ထိုအချိန်တွင် ထွက်ပြေးနေတဲ့ တရားမဝင်လုပ်သားတွေကို ခြေရာခံဖမ်းဆီးမှုတွေဆောင်ရွက်ခဲ့ပြီး၊ အသက် ၃၃ နှစ် ၁၈ ဘီးကားမောင်းတဲ့ထိုင်းနိုင်ငံသားကိုလဲ ဖမ်းမိထားပါတယ်။

 

 

တောထဲမှာ အုပ်စုကွဲထွက်ပြေးနေကြတဲ့ တရားမဝင်လုပ်သားတွေကို ဖမ်းဆီးရန်အတွက် ထိုင်းအာဏာပိုင်​တွေက ​သေနတ်ကို မိုး​ပေါ်​ထောင်ပစ်သတိ​ပေးသံကြား​တော့မှ တောထဲမှာ ထွက်ပြေးနေတဲ့ တရားမဝင် မြန်မာ ၉၆ ယောက်က ထွက်ပြီးအဖမ်းခံကြတယ်လို့ ထိုင်းသတင်း​ဖော်ပြချက်အရသိရပါတယ်။

 

 

တရားမဝင် ၉၆ ယောက််ထဲမှာ အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၃၃ ဦးနဲ့ ကလေး ၃ ဦးပါတယ်လို့ သိရပါတယ်။ အဖမ်းခံနေရတဲ့ တရားမဝင် မြန်မာ ၁၀၀ နီးပါးမှာ ထိုင်းမှာ အလုပ်ရဖို့ ၂၅၀၀၀ ကနေ ၃၀၀၀၀ ဘတ်အထိပေးခဲ့ရပြီး၊ ထိုင်းနယ်စပ်မှာ တရားမဝင် ဝင်ရောက်မှုနဲ့အဖမ်းခံရတာကြောင့် လတ်ယာ့ရဲစခန်းမှာအရေးယူမှုတွေဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

 

ထိုင်းနိုင်ငံနယ်စပ်ကနေ ဝင်ရောက်လာတဲ့ တရားမဝင်လုပ်သားတွေ ဧပြီ ၁ ရက်မှ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ အတွင်းမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာသူ ၁၃,၄၀၅ ဦးကို ဖမ်းဆီးရမိတယ်လို့ အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Mr. Thanakorn Wangboonkongchana က ပြောပါတယ်။

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS