17 May 2024

ဇွန် ၁၃ ရက်၊ ၂၀၂၂

ဗန်ကောက်ရှိမြန်မာသံရုံးမှာ ပတ်စပို့စာအုပ်လာရောက်ထုတ်ကြတဲ့ မြန်မာနိုင်ငံသားအနေဖြင့် ပတ်စပို့ဖိုး ၈၀၀ ဘတ်ကို ယခင်ကလို မိုဘိုင်ဘဏ်ကင်း သို့မဟုတ် ATM စက်ကနေပေးသွင်းပြီး၊ အဆိုပါ (စလစ်) နဲ့စာအုပ်လာရောက်ထုတ်လျှင်ထုတ်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။

စာအုပ်ထုတ်ဖို့မြန်မာသံရုံး၌ ရက်ချိန်း (တိုကင်) ရရှိထားတဲ့နေရက်တွင် ပတ်စပို့စာအုပ်အသစ် လာရောက်ထုတ်ယူသူများအနေနဲ့ စာအုပ်ဖိုး ၈၀၀ ဘတ်ကို သံရုံးတစ်ဖက်ကမ်းမှာရှိတဲ့ ဗန်ကောက်ဘဏ် (Bangkok Bank) အပြာရောင်ဘဏ်၏ ဘဏ်ကောင်တာတွင်သာ ပေးသွင်းပြီး၊ လက်ရေးဖြင့် ဘဏ်ကပေးလာတဲ့ စလစ်ကိုသာပြသနိုင်မှ စာအုပ်ထုတ်တဲ့နေရာတွင် အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

စာအုပ်ဖိုးကြိုတင်ပေးထားတဲ့သူတွေ၊ မိုဘိုင်ဘဏ်ကင်းကနေ ငွေကြိုလွဲထားတဲ့သူတွေက ဖုန်းအက်ပီကေးရှင်းကနေ ရလာတဲ့ စလစ်နဲ့ စာအုပ်သွားထုတ်တော့ အသုံးပြုလို့မရတော့ နောက်တစ်ခါ ငွေထပ်သွင်းနေရပါတယ်။

“စာအုပ်ဖိုး ဘတ် ၈၀၀ ကိုသံရုံးတစ်ဖက်ကမ်းက အပြာရောင်ဘဏ်ကောင်တာမှာသွင်းရတယ်။ ဘဏ်ပုံးကနေသွင်းလို့မရဘူး။ ဘဏ်ပုံးတို့ စမတ်ဖုန်းတို့ကတဆင့်သွင်းထားတဲ့အထောက်အထားတွေကို သံရုံးက လက်မခံဘူး။ ကျွန်တော်မသိလို့ ဘဏ်ပုံးကနေ သွင်းလိုက်တာ ၂ ခါကုန်သွားတယ် ၁၆၀၀ ဘတ်ကုန်သွားတာပေါ့” ဟု မြန်မာအမျိုးသမီးတစ်ဦးက အညာအသုံးအနှုန်းဖြင့် Myanmar Live ခုလိုပြောပြသွားပါတယ်။

နောက်တစ်ယောက်ဆက်ပြောတာကတော့ “ကျွန်တော်ကတော့အဆင်ပြေအောင်ဆိုပြီး ကြိုတင်သွင်းထားလိုက်တာပေါ့ သံရုံးပေ့ချ်မှာပေးထားတဲ့ ဘဏ်အကောင့်ထဲကို စမတ်ဖုန်းနဲ့လွှဲထည့်ပြီးတော့ ချလံကို ပရင့်ထုတ်လိုက်တာပေါ့ သံရုံးရောက်တော့ ကြိုသွင်းထားလို့မရဘူးလို့ဆိုတယ် အဲဒီတော့ ၂ ခါကုန်သွားတာပေါ့ဗျာ” ဟု မြန်မာအမျိုးသားတစ်ဉီးက ပြောပြပါတယ်။

ဒီအကြောင်းကို သံရုံးတာဝန်ရှိသူတစ်ယောက်ကို Myanmar Live ကဆက်သွယ်မေးမြန်းတော့

“ဘဏ်ကောင်တာမှာပဲ ငွေသွားသွင်းမှစာအုပ်ထုတ်လို့ရတယ်ဆိုတာ Myanmar Embassy Bangkok စာမျက်နှာမှာ ကြေညာထားဖူးတယ်။ ပို့စ်တွေကများနေလို့ အောက်ရောက်သွားတာဖြစ်မယ်။ ငွေပိုသွင်းထားတဲ့သူတွေကိုတော့ ပြန်ထုတ်ပေးလို့မရဘူးတော့ဘူး။ အဲဒီငွေတွေက နိုင်ငံတော့ဘဏ်ထဲကိုရောက်သွားပြီ။ သံရုံးနဲ့တော့ မဆိုင်တော့ဘူးပေါ့၊ ပြီးတော့လဲ ဘာကြောင့် ကောင်တာမှာသွားသွင်းခိုင်းရသလဲဆိုတော့ အရင်က မိုဘိုင်ဘဏ်ကင်းကနေ သို့မဟုတ် ATM ပုံးကနေငွေသွင်းတဲ့နေရာတွေမှာ ပတ်စပို့ဖိုးနဲ့ထောက်ခံစာဖိုးတွေ ရောပြီးသွင်းတာတွေရှိတယ်။ တစ်နေ့တာ စာရင်းချုပ်တဲ့နေရာမှာ အခက်အခဲရှိတော့ ခုလိုစီစဥ်ခိုင်းလိုက်တာပါ။ ပြီးတော့ သံရုံးထဲမှာပဲ ဘဏ်ဝန်ထမ်းတွေကို ကောင်တာလာဖွင့်ခိုင်းပြီး၊ ဒီမှာပဲသွင်းလို့ရအောင် စီစဥ်နေတယ်” လို့ Myanmar Live ကိုပြောပါတယ်။

တချိန်တည်းတွင် မြန်မာသံရုံးမှာ မနက် ၇ နာရီမှစ၍ ခယူးနံပါတ်စတင်ထုတ်ပေးနေပြီး မနက် ၉ နာရီအချိန်တွင် ဓာတ်ပုံရိုက်ရန်၊ လက်ဗွေစကန်ဖတ်ရန် နာမည်စခေါ်တာတွေလုပ်ပါတယ်။နေ့လယ် ၁၁ နာရီမှ စတင်ပြီး စာအုပ်ထွက်လာပြီဟု သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS