10 May 2024

ဇူလိုင် ၂၉ ရက်၊ ၂၀၂၂

လွန်ခဲ့တဲ့ ၂ လောက်က ထိုင်းကိုတရားမဝင်ရောက်လာပြီး ဗန်ကောက်မြို့နယ် ဖုထဘူချာ ၁၅ လမ်းရှိဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မိဘတွေနဲ့အတူလုပ်ကိုင်နေတဲ့ အသက် ၁၉ ရှိမြန်မာလုပ်သားတစ်ဦး ပြီးခဲ့တဲ့ တပတ်လောက်က ဓါတ်လိုက်သေဆုံးသွားပါတယ်။

 

 

သေဆုံးသွားတဲ့ မြန်မာလုပ်သားကို သူဌေးကဘာတာဝန်မှ မယူထားတဲ့အပြင် “သူက ဘတ်မရှိဘူး၊ ငါ့တပည့်လဲမဟုတ်ဘူး” ငြင်းဆိုခဲ့ပါတယ်။

 

 

“သေဆုံးသွားတဲ့ကောင််လေးက အသက် ၁၉ ဗျ၊ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က အလုပ်လုပ်နေရင်းနဲ့ဓါတ်လိုက်ပြီးဆုံးသွားတာ၊ ဘီလပ်မြေဖျော်တဲ့စက်က သံတိုင်လေ၊ လောင်းချဖို့ကိုင်လိုက်တဲ့နေရာမှာဓါတ်လိုက်တယ်၊ သေတော့သူဌေးကဆေးရုံကားခေါ်ပြီးဘယ်နားမှာထားလဲမသိဘူး၊ သူမိဘတွေကဘာမှနားမလည်ကြဘူး၊ အဲဒါနဲ့ကျနော်တို့အဖွဲ့ကိုလာအကူညီတောင်းတယ်။ အခင်းဖြစ်တဲ့နေရာကိုကျနော်တို့သွားကြည့်တယ်။ ဘီလပ်ဖျော်တဲ့စက်ကမော်တာရှိတယ်၊ ဘေးနားကမီးခလုတ်တွေရှိတယ်။ ဖျော်စက်က အပ်ကြိုးလဲချမထားဘူး၊ အဲဒါကိုသူတို့သူဌေးကိုမေးတော့၊ သူကဘွတ်ဖိနပ်မစီးလို့ဓါတ်လိုက်ပြီးသေတာလို့ပြန်ဖြေတယ်ဗျ။ လို့ သွားရောက်ကူညီပေးတဲ့ ကျမ္မရေး ဘန်ဘော အသင်း ကိုမောင်က “ကိုချစ် ဇွဲကမြေ” ကိုပြောပါတယ်။

 

 

သူအလုပ်ရှင််ကဘာမှတာဝန်မယူချင်တဲ့ပုံစံဗျ၊ မေးတော့လဲ စကားကို ဖြစ်သလိုပြောလိုက်တယ်။ ခုလက်ရှိ ကောင်လေးအလောင်းကို ရဖို့အဖွဲ့အစည်းတစ်ခုနဲ့ချိတ်ထားတယ်။ လျော်ကြေးရအောင် တရားဥပဒေအရအရေးယူနိုင်အောင်လုပ်မယ်။ အလောင်းကိုမီးသဂြိုလ်မယ်။ သူ့မိဘတွေကို လုံခြုံတဲ့နေရာ ပို့ထားပြီးရင် အလုပ်ရှင်ကိုတရားစွဲမယ်လို့ ကိုမောင်က ဆက်ပြောပါတယ်။

 

 

ကိုချစ် ဇွဲကမြေ

SHARE THIS NEWS

OTHER NEWS