25 April 2024

စက်တင်ဘာ ၆ ရက်၊ ၂၀၂၂

နေ့တုန်းက တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဒီကနေ့နောက်ဆုံးရသတင်းအနေနဲ့ လူ ၄၅ သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံ Sichuan ပြည်နယ်မှာ စက်တင်ဘာ ၅ ရက်နေ့ နေ့လည်ပိုင်းလောက်က ၆.၈ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်သွားခဲ့ပြီးနောက် လျှပ်စစ်တိုင်တွေပြိုလဲမှုရှိတာကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်။ နေအိမ်နဲ့လမ်းတွေပျက်စီးပြီး မြေပြိုကျတာတွေရှိနေတယ်လို့ တရုတ်မီဒီယာတွေကဖော်ပြထားပါတယ်။

ငလျင်လှုပ်ခတ်ပြီးတဲ့အချိန်မှာ သေဆုံးသူ ၂၀ ခန့်ရှိပါတယ်။ စက်တင်ဘာ ၆ ရက်နေ့မှာတော့ သေဆုံးသူထပ်မံတွေ့ရှိတာကြောင့် သေဆုံးသူ ၄၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရာနဲ့ချီရှိနေတယ်လို့ သိရပါတယ်။ ငလျင်ရဲ့ ဗဟိုချက် ကနေ ၁၂၅ မိုင်လောက် အကွာမှာရှိတဲ့ ပြည်နယ် မြို့တော် ချန်ဒူး မြို့အထိ လှုပ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

Photo” Xinhua

SHARE THIS NEWS

OTHER NEWS