26 April 2024

အောက်တိုဘာ ၅ ရက်၊ ၂၀၂၂

မြန်မာလုပ်သားအချင်းချင်းလူသတ်မှုကျူးလွန်ပြီး တရားခံမှာထွက်ပြေးတိမ်းရှောင်နေတယ်လို့သွားရောက်ကူညီပေးတဲ့အဖွဲ့ထံကသိရပါတယ်။

 

 

အခင်းဖြစ်တဲ့နေရာက ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ ဆောက်လုပ်ဆိုက်တွင်း အလုပ်သမားတွေနေထိုင်တဲ့အဆောင်တွေနားမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

 

အောက်တိုဘာ ၁ ရက်နေ့ (စနေ့နေ) ည ၈ နာရီခန့်မှာ ဓါးထိုးခံရတဲ့ ခွန်အောင်မျိုးသန့် မှာတော့ အခင်းဖြစ်တဲ့နေရာတွင် သေဆုံးသွားတာဖြစ်ပါတယ်။ လူသတ်တရားခံက တိမ်းပြေးနေပြီး လင်မယားနှစ်ဦးလုံး ထွက်ပြေးနေတယ်လို့ သွားရောက်ကူညီပေးသူတစ်ယောက်ထံကသိရပါတယ်။

 

 

“ဟိုလေ…အချင်းချင်းစကားများရာကနေ လူသတ်မှုဖြစ်သွားတယ်။ အသတ်ခံရတဲ့ကောင်လေးက အသက်ငယ်ငယ်ပဲရှိသေးတယ်။ သူက သူ့မိန်းနဲ့နေတယ်။ အသင့်သွေးထားတဲ့ သံချွှန်နဲ့ ၄ ချက်လောက် အထိုးခံရပြီးသေသွားတာ” လို့ အခင်းဖြစ်တဲ့နေရာမှာ ကူညီပေးတဲ့ ကိုမောင် က ပြောပါတယ်။

 

 

သေဆုံးသူ ခွန်အောင်မျိုးသန့် ရဲ့ရုပ်အလောင်းကိုတော့ နွန်ထဘူရီခရိုင် နွန်ထဘူရီမြို့နယ်ရှိ ဝပ်ခဲင်နော့ ဘုန်းတော်ကြီးကျောင်းတွင်အောက်တိုဘာ ၄ ရက်နေ့မှာ ဆောင်မီးသင်ဂြိုလ်သွားခဲ့တာလို့ သိရပါတယ်။

 

 

“ညီမ အမျိုးသားနဲ့သတ်သွားတဲ့သူက ဘာရန်ငြိုးရန်စမှ မရှိခဲ့ကြပါဘူး၊ လူသတ်သွားတဲ့ကောင်က သံတချောင်းကို အမြဲသွေးပြီး သိမ်းထားတာတော့တွေ့တယ်။ လူတွေလဲ မြင်ကြတယ်။ ဘာလုပ်ဖို့သွေးထားလဲပေါ့။ အလုပ်ကနေပြန်လာတော့ ညီမအမျိုးသားက အခန်းရှေ့မှာ ဆေးလိပ်ထိုင်သောက်တယ်။ သတ်သွားတဲ့သူနဲ့ တစ်ခန်းကျော်မှာနေပါတယ်။ အဲ့ဒါနဲ့ မျက်လုံးချင်းဆုံကြတာဖြစ်မယ်။ နင်ငါ့ကို ဘာမိုက်ကြည့် ကြည့်နေတာလဲ စပြောပြီး စကားများကြတယ်။ အဲဒါနဲ့ယောကျ်ားချင်းချင်း ထိုးကြတယ်။ ညီမယောကျာ်းတွန်းလိုက်တဲ့ အရှိန်ကြောင့် သူ့အခန်းထဲကို ရောက်သွားပြီး သူဝှက်ထားတဲ့ သံချောင်းနဲ့ ထိုးလိုက်တယ်။ အဲဒါနဲ့ ညီမယောက်ျား သွေးတွေအလူးအလိမ့်နဲ့ထွက်လာပြီး ညီမလက်ပေါ်မှာ လဲကျသွားတယ်။ လည်ပင်းမှာဆို သွေးတွေတအားထွက်တယ်။ ညီမက မထွက်အောင်ပိတ်ထားတယ်။ နောက်ကျောမှာလဲ အထိုးခံရတယ်။ ဒဏ်ရာကနက်တယ်။ အဲတာနဲ့ခဏအကြာ ညီမယောကျ်ားက ညီမလက်ပေါ်မှာပဲ သေသွားတယ်” လို့ နန်းဖြူစင်ဇော်မြင့် က ပြောပါတယ်။

 

 

တရားခံကိုတော့ ဖမ်းလို့မမိသေးဘူး၊ ဖမ်းပေးစေချင်တယ်။ ခုတော့ လင်မယားနှစ်ယောက်လုံးထွက်ပြေးနေကြတယ်၊ စမုဆာခွန်ဘက်မှာလား၊ ဘာလားသတင်းတော့ကြားတယ်။ ညီမကိစ္စကိုတော့ ထိုင်းကအလုပ်သမားကူညီရေးအဖွဲ့တွေ ကူညီပေးနေတယ်။ AAC ကိုလဲ ကျေးဇူးတယ်လို့ ၄င်းကဆက်ပြောပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS