2 January 2026

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၂

ရုရားသမ္မတ ပူတင် ထိုင်းလာမှာဖြစ်တာကြောင့် လုံခြုံရေးတွေတင်းကျပ်ထားတယ်ဟု ထိုင်းမီဒီယာများကပေါ်ပြထားပါတယ်။ မကြာမီ ထိုင်းမှာကျင်းပမယ့် APEC 2022 အစည်းဝေးကို ရုရှားသမ္မတပူတင် ကိုယ်တိုင်စည်းဝေးတက်မယ်ဟု သိရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုဖိတ်ကြားထားပေမယ့် အကြောင်းပြန်တာတော့မရှိသေးပါဘူး။ အမေရိကန်သမ္မတ ဂျိုဘိုင်ဒင် ကတော့မလာနိုင်ဘဲ၊ ကိုယ်စားလှယ်သာလာမည်ဟု သိရပါတယ်။

အဆိုပါအစည်းဝေးမှာ ပဋိပက္ခတွေဖြစ်တတ်တဲ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေတက်ရောက်မှာဖြစ်တဲ့အတွက် ထိုင်းဘက်က လုံခြုံရေးအစီအစဥ်ကို တင်းတင်းကျပ်ကျပ် ပြင်ဆင်ထားပါတယ်။

ယင်းနောက် ဘန်ကောက်မြို့အဝင်လမ်းမတွေမှာ အစစ်ဆေးတွေ တင်းကျပ်မှုရှိလာနိုင်ပြီး၊ အထောက်အထားမပြည့်စုံသည့် ရွှေ့ပြောင်းလုပ်သားတွေအနေကတော့ သတိထားသွားလာကြဖို့လိုတယ်ဟု အလုပ်သမားအရေးလှုပ်ရှားနေသူတွေက သတိပေးနေကြပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ထိုင်းဘက်က လုံခြုံရေးအတွက် လေ့ကျင့်နေသည့်ပုံ

SHARE THIS NEWS

OTHER NEWS