16 January 2025

နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၂

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မူကြိုကျောင်းတကျောင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့လောက်က စစ်ကောင်စီမှ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၅ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး ၉ လအရွယ် ကလေးငယ်တဦးအပါအဝင် လက်နက်မဲ့ အရက်သား ၈ ဦး ဒဏ်ရာသွားတယ်လို့ Karenni’s Voice ကဖော်ပြထားပါတယ်။

လက်နက်ကြီးထိမှန်ခဲ့လို့ ၅ နှစ်အရွယ် မိန်းကလေးဟာ ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးသွားခဲ့တာပါ။ သူနှင့်အတူ အသက် ၃၀ ကျော်အရွယ် အမျိုးသား တဦးလည်း ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ ဖော်ပြချက်အရသိရပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့သူများမှာ အသက် ၅၀ အရွယ် အမျိုးသား (၁) ဦး၊ ၎င်းရဲ့ ဇနီးဖြစ်သူ အသက် ၆၀ အရွယ် အမျိုးသမီး (၁) ဦး၊ ၎င်းတို့ရဲ့ သမီးနဲ့ သားမက်များဖြစ်ကြတဲ့ အသက် ၃၀ ကျော်ခန့် ဇနီးမောင်နှံ နှစ်ဦး၊ ဒုတိယသမီးဖြစ်သူ အသက် ၃၀ ခန့် အမျိုးသမီး (၁) ဦးနဲ့ ယင်းအမျိုးသမီးရဲ့ အိမ်ထောင်ဘက်ဖြစ်သူ အသက် ၃၀ ခန့် အမျိုးသား တဦး၊ မြေးတော်စပ်သူ အသက် ၉ လခန့်အရွယ် ေယာက်ျားလေး (၁) ဦး တို့ ဖြစ်ကြပါတယ်။

လက်နက်မဲ့ စစ်ရှောင်အရပ်သား (၈) ဦး ဒဏ်ရာရခဲ့သလို ၅ နှစ်အရွယ် မိန်းကလေးတဦးလည်း လက်နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။ ယခုဒဏ်ရာရရှိတဲ့ (၈) ဦး အပါအဝင် နိုဝင်ဘာလအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူ (၂၄) ဦး ရှိနေပြီ ဖြစ်ပါတယ်။

Ref: Karenni’s Voice

SHARE THIS NEWS

OTHER NEWS