26 April 2024

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်တာနဲ့ပတ်သက်ပြီး ချင်းမိုင်တက္ကသိုလ်ကျောင်းသွားတွေ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်တာနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခု ထိုင်းနိုင်ငံ၊ချင်းမိုင်ခရိုင်ရှိ U.S. consulate general ရုံးရှေ့တွင် ချင်းမိုင်

တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာ ချင်းမိုင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေက မြန်မာစစ်ကောင်စီရဲ့ ဆိုးဝါးရက်စက်မှုတွေနဲ့ ကျောင်းသားတွေကို အခုလိုသေဒဏ်ပေးနေတယ်ဆိုတာကို နိုင်ငံတကာ ကျောင်းသားတွေသိစေဖို့၊ နိုင်ငံတကာကသိစေဖို့အပါဝင် U.S. consulate general ရုံးမှာပေးပို့မယ့်အိတ်ဖွင့်စာထဲမှာလဲ အချက် ၆ ချက်နဲ့ နိုင်ငံတကာကိုတောင်းဆိုထားတယ်ဟု သိရပါတယ်။

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် ထိုင်းအပါဝင် နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ ဆန့်ကျင်ကန့်ကွက်နေကြသလို လူမှုကွန်ရက်တွေ ပေါ်မှာလည်း သေဒဏ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS