27 April 2024

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၂

သက်ရှိတိုင်းမှာ တန်းဘိုးကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် အသက်ကိုဉာဏ်နဲ့စောင့်ရှောက်ရပါတယ်။ ဆေးဓါတ်မတည့်ခြင်းကြောင်း နောက်ဆက်တွဲပြဿနာဟာဘယ်လောက်ဆိုးဝါးသလဲဆိုတာ Myanmar Live အဖြေရှာထားပေးပါတယ်။

ဆေးအန္တရာယ်ဆီမသွားပြီး ဖြစ်ရပ်မှန်လေးတစ်ခုကို အရင်လေ့လာကြည့်ကြရအောင်၊ ဆေးဆရာဝန်တစ်ယောက်က သူ့ရဲ့အတွေ့အကြုံကိုဖော်ပြထားပါတယ်။

အမျိုးသားတစ်ယောက်က တစ်ကိုယ်လုံးမှာ အဖုတွေပေါက်နေတယ်။ အဖုနီပွပွလေးပါ မျက်နှာတွေအထိပေါက်ပါတယ်။ နောက်ဆုံး ထိုအမျိုးသားဟာ အဝတ်အစားတွေ ဝတ်လို့တောင်မရတော့ဘဲ မီးလောင်ခံထားရတဲ့လူနာလို ငှက်ပျောရွက်ပေါ်မှာအိပ်ပြီး ဆေးရုံကိုရောက်လာခဲ့ပါတယ်။

အမျိုးသားဟာ ဆေးဆရာဝန်မဟုတ်တဲ့ဆိုင်မှာ ဆေးဝယ်သောက်မိရာမှ ဆေးဓါတ်မတည့်ရောဂါခံစားနေရတာဖြစ်ပါတယ်။ လည်ချောင်းနာ ချောင်းဆို ရောဂါတွေဖြစ်လို့ အလွယ်လေးနဲ့ တရားမဝင်ဆေးဆိုင်တွေမှာ ဆေးဝယ်သောက်မိရာကနေ ဆေးဓါတ်မတည့်ဖြစ်ပြီး နောက်ဆုံးမရှူမလှနဲ့သေဆုံးခဲ့ရပါတယ်။

ဆေးဓါတ်မတည့်တဲ့ ရောဂါလက္ခဏာတွေကတော့

-အရေပြားတွေပေါ် ရေကြည်ဖုပေါက်ခြင်း

-အသားအရည် ကျွတ်ကျလွယ်ခြင်း

-မီးလောင်ဒဏ်ရာလိုဖြစ်ခြင်း

-အဖျားရှိခြင်း

-မောပန်းခြင်း

-ကိုယ်လက်ကိုက်ခဲခြင်း

-ခေါင်းကိုက်ခြင်း

-နှုတ်ခမ်း၊ သွားဖုံးနှင့်လျှာ တို့မှာ ပူစပ်ပူလောင်ဖြစ်ခြင်း

ဆေးဆရာဝန်တွေ သုံးသပ်ချက်အရ ဆေးဓါတ်မတည့်ဖြစ်ရာကနေ ၈၇.၉% လောက်မှာပျောက်ကင်းပြီး၊ ၁၂.၁% လောက်က သေဆုံးမှုရှိအရေအတွက်ရှိတယ်လို့ ဖော်ပြချက်အရသိရပါတယ်။ ဒါကြောင့် ဆေးဝယ်တော့မယ်ဆိုရင် မိမိဘယ်ဆေးနဲ့မတည့်လဲဆိုတာ ဆရာဝန်ကိုကြိုတင်အသိပေးဖို့လိုပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS