10 May 2024

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်များအပါဝင်ထွက်ပြေးနေရလို့ ဖါးပြရွာခံတစ်ဦးကဆိုပါတယ်။

ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ကျေးရွာတွေမှာ လက်နက်တွေကျရောက်ပေါက်ကွဲမှုတွေရှိနေတာကြောင့် ထွက်ပြေးနေရပြီး၊ အမျိုးသားဆိုရင် ပေါတာဆွဲမှာကြောက်လို့ ကြိုတင်ထွက်ပြေးနေရတယ်ဟု ၄င်းကဆိုပါတယ်။

“ထွက်ပြေးနေတာ ၂ ရက်ကျော် ၃ ရက်ပြည့်တော့မယ်၊ မြို့တက်ပြေးတဲ့သူတွေကပြေး၊ ဘုန်းကြီးကျောင်း၊ တောင်ယာထဲပြေးတဲ့သူပြေးနေတယ်။ အချို့ရွာတွေမှာဆိုရင် ဖုန်းလိုင်းမမိတော့ဘူး၊ ပိတ်မိနေတာလဲရှိတယ်။ ” ဟု ဖားပြရွာခံ ကျော်ခိ ကဆိုပါတယ်။

တောင်စွန်းကျေးရွာနဲ့ အနီးတဝိုက်တွေမှာ လွန်ခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ တောတွင်းကို တိမ်းရှောင်နေရတာပါ။

အဝတ်တစ်ထည်နဲ့ထွက်ပြေးနေရလို့ စားနပ်ရိက္ခာအကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ လက်ရှိ ဘုရားသုံးဆူမြို့ပေါ်က ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်းဆရာတော် အကူအညီနဲ့ စစ်ရှောင် ၅၀၀ လောက် အဲဒီကျောင်းကို ရောက်ရှိခိုလှုံနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရင်း ခလရ ၂၈၃၊ ၂၈၄၊ ၃၂ တပ်ရင်း ၃ ခုကို KNLA ပူးပေါင်းမဟာမိတ်အဖွဲ့တွေ ယမနေ့က ဇန်နဝါရီ ၄ ရက် နေ့မှာတိုက်ခိုက်ခဲ့ပြီး၊ ဒီလို ပူးပေါင်းတိုက်ခိုက်မှုမလုပ်ခင် တောင်စွန်းကျေးရွာအနီးတဝိုက်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ- CJ

SHARE THIS NEWS

OTHER NEWS