3 May 2024

ကွယ်လွန်သွားတဲ့ ဇနီးသည်ကို အောက်မေ့တသမှုအဖြစ် ပုံတူရုပ်တုထုလုပ်ခဲ့

 

 

ကိုဗစ်-၁၉ ရောဂါ ကြောင့် ၃၉ နှစ်ကြာပေါင်းသင်းလာ သူရဲ့ချစ်ဇနီး အင်ဒရာနီကို ဆုံးရှုံးခဲ့ရတဲ့အတွက် ၂၀၂၁ ခုနှစ်တွင် အဘိုး တာပက်စ်ဘဝမှာ အိမ့်မက်ဆိုးလို အဆိုးရွားဆုံးနှစ်ဖြစ်ခဲ့တာပါ။

ထိုအချိန်တွင် အဖွား အင်ဒရာနီ က နေမကောင်းဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီးနောက် အတင်းအကြပ်သီးခြားနေထိုင်ခိုင်းခြင်းမခံရမီ သူဆုံးသွားတဲ့နေ့မှာ အဘိုးက သူ့အနားမှာ မရှိခဲ့ပါ။

တကယ်လို့သူအရင်သေသွားရင် သူ့ရဲ့ရုပ်တုကိုထုပြီး အဘိုးနဲ့အတူတူနေခိုင်းစေခြင်ကြောင်းကို အဖွားတောင်းဆိုခဲ့တာကြောင့် အဘိုးတာပက်စ်က ဇနီးသည်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ၆ လအချိန်ယူပြီး ပုံတူရုပ်တု ထုခဲ့တာပါ။ ပန်းပုဆရာကလည်း အင်ဒရာနီရဲ့ မျက်နှာအမူအရာနဲ့ ချွတ်စွပ်တူစေဖို့အတွက် ဆန်ဒီလာ ပြောတဲ့အတိုင်း အသေးစိတ်ပုံဖော်ထုဆစ်ပေးခဲ့တာပါတယ်။

 

ထို့အပြင် အင်ဒရာနီရဲ့ ရုပ်တု၏တန်ဖိုးက ဒေါ်လာ ၃,၀၀၀ (ဘတ် ၉၈,၀၀၀ ခန့်) ရှိပါတယ်။

အဘိုးက အဘွားရဲ့ရုပ်ထုကို အိမ်ပြန်ခေါ်လာခဲ့ပြီး သားဖြစ်သူရဲ့ မင်္ဂလာပွဲမှာ သူဝတ်ဆင်ခဲ့ဖူးတဲ့ အကြိုက်ဆုံး အာသံပိုးသား ဆာရီကို အဘိုးကပြန်လည်၀တ်ဆင်ပေးခဲ့၍ သူမပုံမှန်ထိုင်တဲ့ ထိုင်ခုံမှာထားလိုက်ပါတယ်။

အလွန်အမှတ်တရ အချစ်ဇာတ်လမ်းလို့ ဆိုနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS