10 May 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖယ်ဖစ်ခရိုင်တွင် ဌာန ၇ ခုပါဝင်သည့်အဖွဲ့စုံတပ်ဖွဲ့မှ နယ်မြေဆင်းပြီး တရားမဝင်လုပ်သားအလုပ်ငှားရမ်းသည့်လုပ်ငန်းခွင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေး။

ထိုင်းနိုင်ငံမြောက်ပိုင်း ကမ်ဖယ်ဖစ်ခရိုင်တွင် တရားမဝင်လုပ်သားအလုပ်ခန့်ထားမှု တားဆီးနှိမ်နင်းရေး စီမံချက်အရ ဌာနဆိုင်ရာ ၇ ခုပါဝင်သည့် အဖွဲ့ပေါင်းစုံတပ်ဖွဲ့က နယ်မြေဆင်းပြီး ရွှေ့ပြောင်းလုပ်သား အလုပ်ခန့်ထားသည့်လုပ်ငန်းခွင်များကို လွန်ခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့သည်ဟု အလွတ်တန်းထိုင်းသတင်းထောက်တစ်ဦးက ဖော်ြပထားသည်။

ထိုသို့ ကွင်းဆေးစစ်ဆေးရာတွင် လုပ်ငန်းခွင်အသီးသီး၌ တရားမဝင်လုပ်သားအလုပ်ခန့်ထားခြင်းမရှိ သည်ကို တွေ့ရှိရကြောင်း ဖော်ြပထားသည်။

အဆိုပါအဖွဲ့စုံတပ်ဖွဲ့တွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ ပြည်တွင်းလုံခြုံမှုကွပ်ကဲရေး ဌာနချုပ်၊ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး၊ ခရိုင်အလုပ်သမားရုံး၊ ခရိုင်ပြန်ကြားရေးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးရုံး စသည့်ဌာနများပါဝင်သည်ဟု ဖော်ြပထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS