3 May 2024

ဘရာဇီးလ် ဆိုရှယ်မီဒီယာ လွှမ်းမိုးမှုရှိတဲ့မိန်းကလေးတစ်ဦးသည် သူမ၏မျက်သားအဖြူရောင်များကို အနက်ကရောင်တက်တူးထိုးခဲ့ပါတယ်။

.
ပုံမှန်မဟုတ်သော တက်တူးထိုးခြင်းနှင့် တက်တူးထိုးရတာဝါသနာပါသောမိန်းကလေး Kiki Mary ရဲ့ တစ်တော့ဗီဒီယိုနှစ်ခုဟာ ကြည့်ရှုသူတစ်သန်းကျော်ရှိခဲ့ပြီး ပရိသတ်များကိုအံ့သားသင့်ခဲ့ပါတယ်။ ပထမဗီဒီယို တွင် တက်တူးပညာရှင်တစ်ဦးသည် Kiki ၏မျက်လုံးခွံအတွင်းသို့ အနက်ရောင်မှင်ထိုးသွင်းခြင်းကိုပြသထား ပါတယ်။ မျက်လုံးဖွင့်လိုက်သောအခါ မျက်လုံးအဖြူရောင်မျက်သားများသည် အနက်ရောင်ဖြင့်ပြည့်နှက်နေ ပါတယ်။

.
ပြီးခဲ့တဲ့အပတ်ကတင်ခဲ့သည် ဒုတိယဗီဒီယိုတွင် သူမသည်ကျန်တဲ့မျက်လုံးတစ်ဖက်မှာလဲအလားတူလုပ်ဆောင် မှုကိုပြသထားပါတယ်။ ပန်းချီဆရာသည် မှင်ထိုးအပ်နှင့်နီးကပ်လာသည့်နှင့်အမျှ Kiki သည် ကြောက်လန့် တကြားပြုံးကာ ကင်မရာကိုရိုက်နေပါတယ်။

.
သူမတင်ခဲ့တဲ့ ဗီဒီယိုရဲ့ကွန်မန့်အောက်တွင် လူတစ်ချို့ကလာပြီးတော့မှတ်ချက်များကိုရေးသားခဲ့ပါတယ်။

.
“ တကယ်လေးစားထိုက်တဲ့တက်တူးထိုးဆရာဆိုရင် ဒီလိုမလုပ်ပါဘူး “ ဟုလူတစ်ဦးက ရေးသားထားခဲ့ပါတယ်။

.
“ အခြားသူတွေလဲ တက်တူးထိုးခြင်းကို နှစ်သက်ကြောင်း ဝန်ခံခဲ့သော်လည်း အခုလိုမျိုးလုပ်ရပ်က စည်းကျော် သွားပြီ” ဟုဆိုပါတယ်။

.
အခြားကွန်မန့်နောက်တစ်ခုကတော့ “ ဒါကြီးက အရမ်းအန္တရာယ်များလွန်းတယ် ငါ့မျက်လုံးတွေကို ဘယ်တော့မှ အဲ့လိုမျိုးမထိုးနိုင်ဘူး” လို့ ဖွင့်ဟခဲ့ပါတယ်။

.
အခြားဩစတေးလျမော်ဒယ် Amber Luke က သူမ၏မျက်လုံးတွေကိုလဲအပြာရောင်တက်တူးထိုးပြီးနောက်ပိုင်း အဝေးကလူတွေရဲ့မျက်နှာကိုမမြင်ရတော့ဘူးလို့ မကြာသေးမီးက Kennedy News သတင်းဌာနသို့ပြောကြားခဲ့ ပါတယ်။ “ မျက်လုံးမှာတက်တူးမထိုးခဲ့ဘူးဆိုရင်အခုလိုမျိုးပြသနာတွေရှိလာမှာမဟုတ်ဘူး။ မျက်လုံးပေါ်တွင် တက်တူးထိုးခြင်းက အန္တရာယ်ရှိတယ်”။ တက်တူးထိုးပြီးနောက်ပိုင်း သူမရဲ့မျက်လုံးတွေအရမ်း ဖောင်းလာပြီး ဆေးရုံးသို့သွားခဲ့ရတယ်လို့ဆိုပါတယ်။

.
ပိုလန်ကအမျိုးသမီးတစ်ယောက်လဲ အလားတူပုံစံဖြင့်မျက်လုံးတက်တူးထိုးပြီးနောက်ပိုင်းမျက်စိကွယ်သွားပြီး မသန်မစွမ်းဖြစ်ကာ သူမကိုထိုးပေးခဲ့တဲ့တက်တူးပညာရှင်ကိုတရားစွဲခဲ့ကြောင်း သတင်းဌာနတစ်ခုကဖော်ပြထား ခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS