26 April 2024

ထိုင်းနိုင်ငံ၏ကမ္ဘာကျော်ခရီးသွားနေရာတစ်ခုဖြစ်သည့် မြဘုရားတော်ဝင်ကျောင်းဝင်းနားတွင် ပထမဆုံးမြေအောက်လမ်းကူးလူသွားဉမင် ဖွင့်လှစ်။

ပထမဆုံးမြေအောက်လမ်းကူးလူသွားဉမင်ကို မြဘုရားတော်ဝင်ကျောင်းဝင်းကပ်လျပ်ရှိ မဟာရာဇလမ်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ဗန်ကောက်မြို့တော်ဝန်ကိုယ်တိုင်သွား ရောက်ဖွင့်လှစ်ခဲ့သည်ဟု မြိုတော်ဝန်၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဉမင်သည် အရှည် မီတာ ၉၀ ရှိပြီး အနက် ၄.၇ မီတာရှိသည်ဟု သိရသည်။ ဉမင်ထဲတွင် လူသွားလမ်းအပြင် အမျိုးသားသန့်စင်ခန်း ၁၅ ခန်း၊ အမျိုးသမီးသန့်စင်ခန်း ၂၀ ခန်း အပါအဝင် စက်လှေခါး ၂ နေရာတပ်ဆင်ထားကာ စုစုပေါင်း ၁,၁၅၀ စတုရန်းမီတာကျယ်ဝန်းသည်ဟု ဖော်ပြထားသည်။

တဆက်တည်းတွင် သန့်ရှင်းရေးစနစ်၊ အလင်းရောင်စနစ်၊ လေဝင်လေထွက်စနစ်၊ လမ်းသွား လမ်းလာစနစ် အပါအဝင် မြို့သမိုင်းပြတိုက်ဖွင့်လှစ်ထားသည်ဟု သိရသည်။

ထို့ပြင် နာ့ဗျလန်လမ်းဘက်တွင် စက်လှေခါး ၂ နေရာထပ်မံတည်ဆောက်နေပြီး လာမည့် မေလတွင်အပြီးသတ်နိုင်မည်ဟု ဖော်ပြထားသည်။

ယင်းမြေအောက်လမ်းကူးစီမံကိန်းအလုံးစုံပြီးစီးသည့်အခါ နေ့စဉ် လူဉီးရေ ၁ သောင်းခန့်လက်ခံနိုင်မည်ဖြစ်ပြီး ပြည်တွင်းနှင့်ပြည်ပဘုရားဖူးများအတွက် အဆင်ပြေစေမည်ဟု သိရသည်။

ကိုဗစ်-၁၉ ကပ်ဘေးမတိုင်မီကာလတွင် မြဘုရားကိုလာရောက်လည်ပတ်သည့်ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ၃၈,၀၀၀ ဦးမှ ၄၂,၀၀၀ ဦးထိရှိသည်ဟု သိရသည်။

 

 

 

 

 

 

 

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS