2 January 2026

စမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲမှူး၏ညွှန်ကြားချက်ဖြင့် စုံစမ်းနှိမ်နင်းရေးဌာန လဝက တပ်ဖွဲ့ တစ်ခုက ခရိုင်တရားရုံး၏ရှာဖွေဝရမ်းအမှတ် ค128/2566 ဖြင့် ယမန်နေ့ မနက် ၆ နာရီ ၁၀ မိနစ်အချိန် တွင် မြန်မာများနေထိုင်သောအဆောင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့သည်ဟု နယ်မြေခံသတင်းဌာန တစ်ခု က ဖော်ြပထားသည်။

 

 

စမွတ်ဆာခွန်ခရိုင် ကရာထွန့်ဘန်းမြို့နယ်၊ ခလောင်မဒူယာကျေးရွာအုပ်စု၊ မူ-၇၊ အမှတ် ၈၆၊ သီရီ အမည်ရှိ ငှားနေဆောင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ငှားနေထိုင်သူမြန်မာနိုင်ငံသား ၆၆ ဦး (အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃၇ ဦး) တွေ့ရှိရသည်ဟု ဖော်ြပထားသည်။

 

အဆိုပါမြန်မာနိုင်ငံသားများအနက် ၄၀ ဦးမှာ ထိုင်းနိုင်ငံ၏ ၁၉၇၉ ခုနှစ် လူဝင်မှုအက်ဥပဒေ ပုဒ်မ ၃၈ အရ ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိသည်ကို တွေ့ရှိရ၍ အဆောင်ပိုင်ရှင် သို့မဟုတ် အဆောင်ကြပ်အား ဒဏ်တပ်ခဲ့သည်ဟု သိရှိရပြီး ဆက်လက်၍ တရားဥပဒေနှင့်အညီလိုက်နာ ဆောင် ရွက်ရန် ညွှန်ကြားထားသည်ဟု ဆက်လက်ဖော်ြပထားသည်။

.

Photo : เสียงสาคร

SHARE THIS NEWS

OTHER NEWS