3 May 2024

,

မတ်လ ၁ရက်နေ့ ၂၀၂၂ ခုနှစ် ညနေပိုင်းက မစ္စတာ Sarawut Ngamprasert အသက် ၄၄ နှစ် ၊ Nakhon Ratchasima ခရိုင် Muang Nakhon Ratchasima ရဲစခန်းက မတ်လ၁ရက်နေ့ အစိုးရထီတွင် ပထမဆု နံပါတ် 061905 မှ ဘတ်ငွေ ၂၄သန်း တန်းဖိုး ထီလက်မှတ် ၄စောင် ပေါက်ကြောင်းသိရှိခဲ့ပါတယ်။

ရဲစခန်းမှ မေးမြန်းရာတွင် Numduangheng ဒေသရှိ စက်ရုံတွင် အလုပ်လုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ မိုင်းနခွန်ရတ်စီမာ Nakhon Ratchasima ပြည်နယ်တွင် အစိုးရထီလက်မှတ်များကို ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ကိုယ်ပိုင် ပစ်ကပ်ထရပ်ကားက နံပါတ် 905 ဖြစ်ပါတယ်။

ယခုတစ်ကြိမ်တွင် အခြားယာဉ်မှတ်ပုံတင်နံပါတ်တွေကိုပါ ဝယ်ယူခဲ့ပါတယ်။ထီထွက် ပြီးနောက်တွင် ထီစာရွက်များကိုစစ်ဆေးရန်ယူဆောင်လာကာ ပထဆုပေါက်သွားသည် ကို တွေ့ရသဖြင့်အလွန်ဝမ်းသာမိပါတယ်။ ထီပေါက်သည့်ဆုငွေကိုအကြွေးဆပ်ရန် နဲ့ မိဘတွေအတွက်မျှဝေပေးရန်ဖြစ်ပါတယ်။သားသမီးများအတွက်လဲ ပညာသင်ဆုအဖြစ် ထားရှိထားပါတယ်။စက်ရုံကနေအလုပ်မထွက်ဘဲ လုပ်နေကျ စက်ရုံအလုပ်မှာပဲ့ ဆက်လုပ်သွားရန်အစီအစဥ်ရှိပါတယ်ဟု ပြောကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS