သြဂုတ် ၃၁ ရက်၊ ၂၀၂၂
.
ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့နောက်ပိုင်း ဆူပူဆန္ဒပြမှု၊ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးမှု၊ ခြုံလုံရေးယူနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
အဆိုပါလုပ်ရပ်တွေဟာ ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတွေကိုထိခိုက်လာလို့ အောက်ဖော်ပြပါ နယ်နမိတ်အတွင်းမှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် မြို့နယ်၏ လုံခြုံရေးအခြေနေအရ ညနေ ၆ နာရီကနေ နံနက် ၄ အချိန်ထိ လမ်းပေါ်ထွက်ခြင်းမပြုရဟု ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်ရှိ မြဝတီမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များအတွင်းမှာ သြဂုတ် ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိသတ်မှတ်ထားပြီး၊ ကျူးလွန်ပါက တည်ဆဲဥပဒေနဲ့ ပြင်းထန်စွာအရေးယူမည်ဟု ထုတ်ပြန်ထားပါတယ်။
.
ကိုချစ် ဇွဲကပင်မြေ