30 April 2024

,

91 ခုနှစ် 19 ရက်နေ့ January မှာမွေးဖွားခဲ့တဲ့
ကျားပေါက်လေး Hwang InYeop ရဲ့ 32 နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ် ။
Ryan Leon ဆိုတဲ့နာမည်နဲ့ ဖိလစ်ပိုင်မှာ အထက်တန်းကျောင်း ၊ college တက်ရောက်ခဲ့ပြီး fashion design နဲ့ Bachelor of Fine Arts ကိုဖိလစ်ပိုင်ကနေ ယူခဲ့တဲ့ လူတော်လေးပါ။
YG ရဲ့လက်အောက်မှာ မော်ဒယ်အနေနဲ့ 2017 မှာ careerစတင်ခဲ့ပြီး 2018 မှာ web series ‘why’ နဲ့ acting debut ခဲ့ပါတယ် ။ KyeEast နဲ့လက်တွဲပြီးနောက်မှာတော့ Tale of Nokdu, 18 Again, True Beauty တို့လို နာမည်ကြီး series တွေရိုက်ကူးခဲ့ပါတယ်။ Hwang InYeop ရယ်လို့ နေရာတစ်ခု နာမည်တစ်ခု ခိုင်ခိုင်မာမာတည်ဆောက်နိုင်ခဲ့တာကတော့ အားလုံးသိတဲ့ ဟန်ဆောဂျွန်း ဇာတ်ကောင်နဲ့ပါ။
မကြာခင်မှာ main lead အနေနဲ့ Why Her ဆိုတဲ့ Series ထွက်ဖို့ရှိပြီး အနုပညာလမ်းခရီးမှာ ဒီထက်မကတဲ့ အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အကြည်ဓာတ်ကလေးရေ ????

SHARE THIS NEWS

OTHER NEWS