7 April 2025

ဘိန်းစာရွက်ဝါးစားပြီး တံတွေး ATK စစ်လျင် အဖြေလွဲချော်နိုင်ပြီး အနုတ်ပြသည်ဟု ထိုင်းဆေးဘက်ဆိုင်ရာနည်းပညာ ပညာရှင် ဆို။

ဘိန်းစာရွက်အစိမ်းဝါးစားပြီးနောက် တံတွေး ATK စစ်ဆေးလျင် တံတွေးတွင်ဘိန်းစာရွက်အဖတ်များ ပါဝင်ခြင်းကြောင့် ဗိုင်းရပ်စ်ပိုးများသည် ဘိန်းစာရွက်အဖတ်တွင်ကပ်တွယ်နေ၍ အဖြေလွဲချော်စေပြီး အနုတ်ပြသည်ဟု သွားနှင့်ခံတွင်းဆရာဝန် ဖာ့ဘူမိ ဒေဟစဒင်း က၎င်း၏လူမှုကွန်ရက်အကောင့်တွင် သတိပေးဖော်ပြထားသည်။

ထို့ပြင် ဘိန်းစာရွက်တွင် ATK အထဲရှိ Ph ညွှန်းကိန်းကိုပြောင်းလဲစေသည့် အယ်ကလွိုက်အုပ်စုဝင် Mitragynine ဓာတ်ပါဝင်ခြင်းကြောင့် အဖြေကိုအနုတ်ဖြစ်စေသည်ဟုဆိုသည်။

ထို့ကြောင့် ဘိန်းစာရွက်ဝါးစားသည့်အလေ့အထရှိသူများအား ခံတွင်းကိုသန့်ရှင်းအောင်ပလုတ်ကျင်းပြီးမှစစ်ဆေးရန် တိုက်တွန်းထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS