12 January 2026

ထိုင်းတွင် ၂၀၂၂ ခုနှစ်အတွင်း ဈေးကွက်လိုအပ်မှုအများဆုံး အလုပ်အကိုင် ၁၀ ခုတွင် စက်ရုံအလုပ်ရုံအလုပ်အကိုင် ဒုတိယနေရာတွင် ရပ်တည်

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ဈေးကွက်လိုအပ်မှုအမြင့်ဆုံး အလုပ်အကိုင် ၁၀ ခုကို မန်းပါဝါဂရု(ပ်) ထိုင်းလန်းကုမ္ပဏီက စစ်တမ်းကောက်ယူရာတွင် စက်ရုံအလုပ်ရုံအလုပ်အကိုင်က ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ ယင်းကုမ္ပဏီရဲ့ ဈေးကွက်မန်နေဂျာ သုဒိတာ ကန်ကျနကန်ထိကွန် ကဆိုပါတယ်။

အရောင်းနှင့်ဈေးကွက်ဝန်ထမ်း ၂၀.၁၆%၊ စက်ရုံအလုပ်ရုံအလုပ်သမား ၁၉.၀၃%၊ ကာလတိုအလုပ်အကိုင် ၁၂.၇၄%၊ အိုင်တီ ၁၁.၂၉%၊ အင်ဂျင်နီယာ ၉.၁၉%၊ စားရင်းနှင့်ငွေထိန်း ၈.၇၁%၊ Logistic&Supply Chain ၇.၁၀%၊ ဝန်ဆောင်မှု ၅.၄၈%၊ ကျန်းမာရေး ၃.၇၁၊ လူ့အရင်းအမြစ် (HR) ၂.၂၆% အသီးသီး ရပ်တည်နေသည်ဟု ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS