ဓာတ်ပုံ TongTa25 / Shutterstock.com
စက်တင်ဘာ ၂၃ ရက်၊ ၂၀၂၁
လာမည့်နှစ်တွင် လုပ်ငန်းသက်တမ်းနှစ် ၅၀ ပြည့်တော့မည့် အသင့်စားမာမားခေါက်ဆွဲခြောက်လုပ်ငန်း သည် ကမ္ဘာတဝန်းရောင်းအား ဘတ် ၃၀ ဘီလျံပြည့်မီရန် ရာထားဟု ဆို။
မာမားအမှတ်တံဆိပ် အသင့်စားခေါက်ဆွဲခြောက်ထုပ်အရသာအမျိုးမျိုးကို ထုတ်လုပ်ရောင်းချနေသည့်
“ပရက်စီးဒန့် ဘတ်ကရီ” အများပိုင်ကုမ္ပဏီသည် လာမည့် ၂၀၂၂ ခုနှစ်တွင် လုပ်ငန်းသက်တမ်း နှစ် ၅၀ ပြည့်တော့မည်ဟု သိရပြီး ကုမ္ပဏီ၏ရွှေရတုအထိမ်းအမှတ်နှစ်တွင် ကမ္ဘာတဝန်းရောင်းအား ဘတ် ၃၀ ဘီလျံ(ဘတ် သန်း ၃ သောင်း) ပြည့်မီရန် ရာထားသည်ဟု ကုမ္ပဏီအကြီးအကဲ ဖွတ်ကျနာ ဖနယန်ဝေ့ ကဆိုသည်။
ကမ္ဘာတဝန်းစုစုပေါင်းရောင်းအား ဘတ် ၃၀ ဘီလျံပြည့်မီရန်အတွက် ထိုင်းပြည်တွင်းစျေးကွက်ရောင်းအားကို ဘတ် ၁၀ ဘီလျံ၊ နိုင်ငံအသီးသီးသို့တင်ပို့သည့်စျေးကွက်ရောင်းအားကို ဘတ် ၁၀ ဘီလျံနှင့် နိုင်ငံရပ်ခြားတွင်ဖွင့်ထားသည့်စက်ရုံများမှရောင်းအားကို ဘတ် ၁၀ ဘီလျံ အသီးသီးပြည့်မီအောင် စွမ်းအောင်ရမည်ဟု သူမဆိုသည်။
လာမည့်နှစ်တွင်လုပ်ငန်းသက်တမ်း နှစ် ၅၀ ပြည့်မည့်“ပရက်စီးဒန့် ဘတ်ကရီ” အများပိုင်ကုမ္ပဏီသည်ကမ္ဘာ့နိုင်ငံပေါင်း ၆၈ နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ ခေါက်ဆွဲခြောက်တင်ပို့ခဲ့ပြီး ကမ္ဘာ့ဈေးကွက်တွင်မားမားမတ်မတ်ရပ်တည်နိုင်ခဲ့၍ ထိုင်းအစိုးရ၏ “ကမ္ဘာ့မီးဖိုချောင်” မူဝါဒကို လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်ခဲ့သည့် ဝါရင့်လုပ်ငန်းစုကြီးတစ်ဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၏ထိပ်တန်းအသင့်စားခေါက်ဆွဲခြောက်လုပ်ငန်းစုသည် ထိုင်းအစိုးရမှချီးမြှင့်သော Prime Minister’s Export Award 2021 ဆုအပါအဝင် ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိနိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှချီးမြှင့်သော Best Exporter (အကောင်းဆုံးတင်ပို့သူ) ဆု နှင့် Best Thai Brand (အကောင်းဆုံးထိုင်းအမှတ်တံဆိပ်) ဆု တို့ကို ရရှိခဲ့သည်ဟု သိရှိရသည်။
သတင်း ရွှေကရင် (ရာမညမြေ)